တနင်္သာရီမြို့နယ်၊ တကူရွာတွင် ဓာတ်ဆီတစ်လီတာ ကျပ်တစ်သောင်းခွဲဖြစ်လာသည့်အပြင် ဝယ်ယူရလည်း ခက်ခဲသဖြင့် ဒေသခံများ အလုပ်လုပ်ကိုင်ရန် အခက်အခဲများစွာကြုံနေရကြောင်း ဒေသခံများက ပြောသည်။ မတ်လအစပိုင်းတွင် တကူရွာ၌ ဓာတ်ဆီတစ်လီတာလျှင် ၃,၅၀၀ ကျပ်ဝန်းကျင်သာ စျေးရှိရာမှ လက်ရှိတွင် ၁၂,၀၀၀ကျပ်မှ ၁၅,၀၀၀ ကျပ် ဝန်းကျင်ဖြင့် ဝယ်ယူနေရကြောင်း ဒေသခံများထံမှ သိရသည်။လက်ရှိတွင် ဥယျာဉ်ခြံများ၌ ကွမ်းသီးထွက်ချိန်ဖြစ်ပြီး ကွမ်းသီးအခြောက်များကို ဆိုင်ကယ်ဖြင့် နေအိမ်သို့ သယ်ဆောင်လေ့ရှိရာ စက်သုံးဆီ ဝယ်မရသဖြင့် သယ်ယူရန် ခက်ခဲနေကြောင်း ဒေသခံအချို့က ပြောသည်။ ဆီသိုလှောင်ထားခြင်း မရှိသည့် ခြံရှင်များသည် လက်ရှိတွင် ဆီရှာမရသဖြင့် ကွမ်းသီး သယ်ယူ၍ မရဘဲ ဆီဝယ်ယူ ရရှိချိန်မှသာ သယ်ယူနေရကြောင်း ဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။



