ရှမ်းပြည်နယ်၊ မိုင်းယောင်းမြို့တွင် ယမန်နေ့ နံနက် ၁၁ နာရီ ၂၆ မိနစ်ခန့်တွင် C1 ရွှေဆိုင်ကို လက်နက်ကိုင် အဖွဲ့တစ်ဖွဲ့ ဓားပြဝင်တိုက်ပြီး ရွှေ ၂၀ ကျပ်သားကျော် လုယက်သွားကြောင်း ဒေသခံများထံမှ သိရသည်။သတင်းရင်းမြစ်များ၏ ပြောဆိုမှုအရ ဓားပြအဖွဲ့တွင် လူ ၄ ဦး ပါဝင်ပြီး ၃ ဦးက ဆိုင်အတွင်းသို့ ဝင်ရောက် လုယက်ခဲ့ကာ ကျန်တစ်ဦးမှာ အနက်ရောင် Crown အမျိုးအစားကားဖြင့် အပြင်တွင် စောင့်နေခဲ့ကြောင်း သိရသည်။“ဓားပြ ၃ ယောက်က ဆိုင်ထဲဝင်လာပြီး ရွှေတွေယူသွားတယ်။ သူတို့အားလုံး မျက်နှာဖုံး အုပ်ထားကြပြီး CCTV ပြန်ကြည့်ချိန်မှာတော့ ရှမ်းဘာသာစကားနဲ့ ပြောဆိုနေကြတာတွေ တွေ့ရတယ်။ လက်နက်ကိုင်ပုံတွေကလည်း ကျွမ်းကျင်လှပြီး လေ့ကျင့်ထားတာ ကြာပြီထင်ရတယ်” ဟု သတင်းရင်းမြစ်တစ်ဦးက ပြောသည်။ဖြစ်စဉ် ဖြစ်ပွားချိန်တွင် ဆိုင်ရှင်မှာ ရွှေဆိုင်ဘေးရှိ ဖိနပ်ဆိုင်တွင် ရှိနေပြီး အဖြစ်အပျက်ကို မြင်တွေ့ကာ “သူခိုး” ဟု အော်ဟစ်ခဲ့ရာ ဓားပြများက သေ နတ်ဖြင့် ချိန်ရွယ်ကာ ပစ်ခတ်ရန် ကြိုးပမ်းခဲ့ရာတွင် ဆိုင်ရှင်က အချိန်မီ ထွက်ပြေး လွတ်မြောက်ခဲ့ကြောင်းလည်း သိရသည်။
Mar 20 • 1:35 AM
Myanmar
Shan
Share
| 6 | 0 | 0 | 0 |


