back

နိုင်ငံကူးလက်မှတ်ဥပဒေသစ်ကြောင့် သက်တမ်းတိုးမည့် ပြည်ပရောက်မြန်မာများစိုးရိမ်နေ

Mar 20 • 1:33 AM

breaking-news

Myanmar

Local

cover

နိုင်ငံကူးလက်မှတ်ဥပဒေသစ်ကြောင့် သက်တမ်းတိုးမည့် ပြည်ပရောက်မြန်မာများစိုးရိမ်နေ

မြန်မာနိုင်ငံကူးလက်မှတ်ဆိုင်ရာ ဥပဒေသစ်မှာပါတဲ့ နိုင်ငံကူးလက်မှတ်လျှောက်ထားသူတိုင်း ကိုယ်ပိုင်သက်သေခံလက်မှတ် (UID) ပါမှ နိုင်ငံကူးလက်မှတ် လျှောက်ထားခွင့်ရမယ်လို...

မြန်မာနိုင်ငံကူးလက်မှတ်ဆိုင်ရာ ဥပဒေသစ်မှာပါတဲ့ နိုင်ငံကူးလက်မှတ်လျှောက်ထားသူတိုင်း ကိုယ်ပိုင်သက်သေခံလက်မှတ် (UID) ပါမှ နိုင်ငံကူးလက်မှတ် လျှောက်ထားခွင့်ရမယ်လို့ ဖော်ပြထားတာကြောင့် ပြည်ပနိုင်ငံတွေမှာ အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာတွေ စိုးရိမ်ပူပန်နေကြရပါတယ်။တင်းကျပ်တဲ့ ပြဋ္ဌာန်းချက်တွေနဲ့အတူ မတ် ၁၈ ရက်က ထုတ်ပြန်လိုက်တဲ့ မြန်မာနိုင်ငံကူး လက်မှတ်ဆိုင်ရာ ဥပဒေသစ်ကြောင့် ပြည်ပနိုင်ငံတွေက နိုင်ငံကူးလက်မှတ်လျှောက်ထားမဲ့ မြန်မာနိုင်ငံသားတွေ စိုးရိမ်ပူပန်နေကြတာပါ။နိုင်ငံကူးလက်မှတ် အသစ်လျှောက်ထားတာ၊ သက်တမ်းတိုးတာနဲ့ ပြန်လည်လျှောက်ထားတာတွေ အတွက် ကိုယ်ပိုင်သက်သေခံလက်မှတ် (UID) ပါမှဆိုတဲ့ ဖော်ပြထားချက်က ဥပဒေအရဆိုရင် မြန်မာနိုင်ငံကို ပြန်ပြီး UID ပြုလုပ်ရမဲ့သဘော သက်ရောက်နေတာ ဖြစ်တာကြာင့် စိုးရိမ်နကြတာဖြစ်ပါတယ်။

news-view-count-icon

15