စက်သုံးဆီဈေးနှုန်းများ ဆက်လက်မြင့်တက်နေပါက အဝေးပြေးကား လက်မှတ်ဈေးနှုန်းလည်း ထပ်မံမြင့်တက်လာနိုင်ကြောင်း ယာဉ်လုပ်ငန်းရှင်များက ခန့်မှန်းထားကြပြီး ကားလက်မှတ်ဈေးနှုန်းများ ဆက်တိုက်မြင့်တက်နေမှုကြောင့် ခရီးသွားပြည်သူများ သွားလာရေးအတွက် ခရီးစရိတ်မှာလည်း အခက်အခဲ ဖြစ်ပေါ်နေကြောင်း သိရသည်။လက်ရှိတွင် မြစ်ကြီးနား-မန္ထလေး ကားလက်မှတ်တစ်စောင်မှာ ၁၇၀၀၀၀ ကျပ်ရှိနေပြီဖြစ်ပြီး မြစ်ကြီးနား-ရန်ကုန် ကားလက်မှတ်တစ်စောင်မှာ ၂၃၅၀၀၀ ကျပ် ရှိနေပြီဖြစ်ကြောင်း သိရသည်။လက်ရှိတွင် သတ်မှတ်ထားသည့် စက်သုံးဆီစျေးနှုန်းမှာ ၉၂ တစ်လီတာလျှင် ၂၈၃၀ ကျပ်၊ ၉၅ တစ်လီတာ ၂၉၃၀ ကျပ်၊ ဒီဇယ်တစ်လီတာ ၃၂၀၅ ကျပ်နှင့် ပရီမီယံဒီဇယ် တစ်လီတာ ၃၅၆၀ ကျပ် ဖြစ်သော်လည်း၊ လက်တွေ့မှာ ၉၂စက်သုံးဆီတစ်လီတာမှာ ၉၅၀၀ကျပ်ထိ မြင့်တက်နေဆဲ ဖြစ်သည်။



