back

မန္တလေးအိုးဝေတို့ ဆီခွဲတမ်းကြောင့် အခက်တွေ့

Mar 19 • 4:26 PM

breaking-news

Myanmar

Mandalay

cover

မန္တလေးအိုးဝေတို့ ဆီခွဲတမ်းကြောင့် အခက်တွေ့

အိုးဝေသုံးဘီးယာဉ်များကို ရန်ကုန်မှအပ တနိုင်ငံလုံးသုံးကြပြီး မန္တလေးတွင် အစီးရေ ၁သိန်းကျော်ရှိကာ မြို့တွင်း သာမက စစ်ကိုင်း၊ ကျောက်ဆည်၊ ပြင်ဦးလွင်စသည့် အနီးမြို့မ...

အိုးဝေသုံးဘီးယာဉ်များကို ရန်ကုန်မှအပ တနိုင်ငံလုံးသုံးကြပြီး မန္တလေးတွင် အစီးရေ ၁သိန်းကျော်ရှိကာ မြို့တွင်း သာမက စစ်ကိုင်း၊ ကျောက်ဆည်၊ ပြင်ဦးလွင်စသည့် အနီးမြို့များသို့ပါ သွားရောက်ပို့ဆောင်ရသဖြင့် အများသုံးယာဉ် သဖွယ်ဖြစ်နေ သည်။ကိုယ်ပိုင်ကား၊ ဆိုင်ကယ်များအား စုံ/မ ခွဲပြီး တရက်ခြားတခါသာ မောင်းနှင် ခွင့်ပြုထားသောကြောင့် အိုးဝေငှားရမ်း စီးနင်းသူ ပိုမိုများပြား လာသော်လည်း ဆီခွဲတမ်းကန့်သတ်ချက်ကြောင့် မှောင်ခိုဈေးကွက်မှ ဈေးကြီးပေးဝယ်ပြီး မောင်းနှင်ရသဖြင့် ခရီးသည်များမှာလည်း ဈေးပိုပေးနေရသည်ဟု ဆိုသည်။ စက်သုံးဆီအရောင်းဆိုင်များတွင် တရက်အတွင်း ၁ ကြိမ်ထက်ပိုသော တန်းစီဝယ်ယူမှု လျော့နည်းပပျောက် စေရန် Wheel Tax ပါ အချက်အလက်အသုံးပြု၍ QR ကုတ်စနစ်ဖြင့် ရောင်းချရန် မတ် ၁၂ ရက်၌ သတ်မှတ်ခဲ့ပြီးနောက် ဆိုင်များ က တကြိမ်ဝယ်ယူမှုအတွက် ဆိုင်ကယ် ၂ လီတာ၊ သုံးဘီး/အိုးဝေ ၄ လီတာ၊ အိမ်စီးကားများ ၁၂ လီတာ၊ Light Truck (အိမ် စီးကားအမျိုးအစား) ၂၀ လီတာ၊ ခရီးသည်တင်ယာဉ်နှင့် ကုန်ကားကြီးများ ၅၀ လီတာနှုန်းဖြင့်သာ ရောင်းချပေးနေသည်။ သုံးဘီးအငှားယာဉ်(အိုးဝေ)များအနေဖြင့် လက်ရှိဆီဈေးနှုန်းအရ အနည်းဆုံး ကျပ် ၂ သောင်းခွဲဖိုးရောင်းပေးမှ အဆင်ပြေ မည့် အခြေအနေဖြစ်ပြီး ဆီအခက်အခဲကြောင့် ခရီးသည်ပို့ဆောင်ခများလည်း ဈေးမြင့်တက်ကာ ယခင် ၈၀၀၀ ခန့် ပေးရ သည့် ခရီးစဉ်အတွက် ယခု ကျပ် ၁ သောင်း ၂ ထောင်ခန့်ထိ တောင်းနေရကြောင်း သိရသည်။




news-view-count-icon

11