back

မောင်တောတွင် ၃ နှစ်အရွယ် ကလေးငယ်တစ်ဦး အဓမ္မပြု သတ်ဖြတ်ခံရမှုဖြစ်ပွား

Mar 19 • 4:24 PM

breaking-news

Myanmar

Rakhine

cover

မောင်တောတွင် ၃ နှစ်အရွယ် ကလေးငယ်တစ်ဦး အဓမ္မပြု သတ်ဖြတ်ခံရမှုဖြစ်ပွား

ရခိုင်ပြည်နယ် မောင်တောမြို့နယ်၊ အောင်သုခကျေးရွာတွင် မတ်လ ၁၆ ရက်နေ့ ညနေခင်းအချိန်တွင် ကလေးငယ်သည် အိမ်အနီးတွင် ကစားနေစဉ် ပျောက်ဆုံးသွားခဲ့ပြီး မိဘများက ရပ်ရွာအုပ်...


ရခိုင်ပြည်နယ် မောင်တောမြို့နယ်၊ အောင်သုခကျေးရွာတွင် မတ်လ ၁၆ ရက်နေ့ ညနေခင်းအချိန်တွင် ကလေးငယ်သည် အိမ်အနီးတွင် ကစားနေစဉ် ပျောက်ဆုံးသွားခဲ့ပြီး မိဘများက ရပ်ရွာအုပ်ချုပ်ရေးအဖွဲ့ထံ အကြောင်းကြားခဲ့ကြောင်း သိရသည်။ ထို့နောက် ရွာသူရွာသားများနှင့် ပူးပေါင်း၍ ရှာဖွေရာ ညနေ ၇ နာရီကျော်တွင် ကျေးရွာအတွင်း လမ်းဘေးတစ်နေရာ၌ ဂုန်နီအိတ်ဖြင့် ထုပ်ထားသော ကလေးငယ်၏ ရုပ်အလောင်းကို တွေ့ရှိခဲ့သည်။ရုပ်အလောင်းတွင် အဓမ္မပြုကျင့်ခံထားရသည့် လက္ခဏာများ တွေ့ရှိရပြီး သတ်ဖြတ်ခံထားရသည်ဟု ယူဆရကြောင်း ဒေသခံများက ပြောသည်။ ထို့အပြင် ကလေးငယ်၏ အဝတ်အစားများကို သံသယရှိသူများ၏ နေအိမ်အတွင်းရှိ အိမ်သာတွင် စွန့်ပစ်ထားခြင်း၊ မြေတူးထားသည့် လက္ခဏာများပါ တွေ့ရှိရသဖြင့် အလောင်းဖျောက်ရန် ကြိုးပမ်းခဲ့ကြောင်းလည်း ခန့်မှန်းနေကြသည်။လက်ရှိတွင် ဖြစ်စဉ်နှင့်ပတ်သက်၍ သံသယရှိသူ ၃ ဦးကို သက်ဆိုင်ရာအာဏာပိုင်များက ထိန်းသိမ်းစစ်ဆေးနေပြီး ထိုသူများအနက် အသက် ၁၄ နှစ်အရွယ် လူငယ်တစ်ဦးလည်း ပါဝင်ကြောင်း သိရသည်။



news-view-count-icon

13