၂၀၂၆ ခုနှစ် မန္တလေးမြို့တော် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကို နန်းမြို့ ကျုံးပတ်လည်၌ မဏ္ဍပ်ပေါင်း ၄၀ ကျော်ဖြင့် စည်ကားစွာ ကျင်းပသွားမှာဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ ထံမှ သိရပါတယ်။ အဆိုပါ မဏ္ဍပ်များတွင် ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များ၊ စီးပွားရေးလုပ်ငန်းရှင်များ၏ မဏ္ဍပ်များလည်း ပါဝင်ပြီး ၂၆ လမ်းတစ်လျှောက် လမ်းလျှောက်သင်္ကြန်၌ မြန်မာ့ရိုးရာသနပ်ခါးနှင့် လက်ဖက် ဒြပ်မဲ့ယဉ်ကျေးမှုများကို ဂုဏ်ပြုသည့် အစီအစဉ်များလည်း ထူခြားစွာ ထည့်သွင်းကျင်းပသွားမှာဖြစ်ကာ လောင်းလှေများ၊ စဉ့်အိုးများ၊ အုန်းလက်မဏ္ဍပ်များဖြင့် ရှေးရိုးရာ အစဉ်အလာအတိုင်း ရေကစားနိုင်အောင် စီစဉ်ပေးမှာဖြစ်ကြောင်း သိရပါတယ်။
မန္တလေးမြို့တော် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကြီးမှာ ဓာတ်ပုံပြိုင်ပွဲများကိုလည်း ထည့်သွင်းကျင်းပသွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။



