ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းရှူးမြို့နယ် တောင်ပေါ် ဝမ်ကန်ရွာတွင် အမှိုက်သိမ်းဆည်းမှု မရှိသဖြင့် အမှိုက်နှင့်အညစ်အကြေးများ၊ အနံ့အသက်များက လူထုကို ဒုက္ခပေးလျက်ရှိနေသည်ဟု ဒေသခံများ ထံက သိရသည်။ယခင်က အမှိုက်သိမ်းကားဖြင့် သိမ်းဆည်းနေသော်လည်း လက်ရှိတွင် အမှိုက်သိမ်းကားပျက်နေသည် ဟုဆိုကာ အမှိုက်များ မသိမ်းဆည်းသဖြင့် ယခုလိုဖြစ်နေရသည်ဟု ဒေသခံများကပြောဆိုကြသည်။ ဝမ်ကန်ရွာတွင် အမှိုက်ကားပျက်သဖြင့် အမှိုက်ပစ်ရန် မူးယစ်ဆေးစွဲနေသူများကို ကျပ်ငါးထောင်၊ တစ်သောင်းကျပ်ပေး၍ အမှိုက်ပစ်ခိုင်းနေရသည် ဟု သိရသည်။



