back

မုံရွာမြို့မှာ တရာခံမပေါ်ဘဲ သက်ကြီးပိုင်းများပျောက်ဆုံးမှုများဖြစ်ပွားနေ

Mar 19 • 12:59 PM

breaking-news

Myanmar

Mandalay

cover

မုံရွာမြို့မှာ တရာခံမပေါ်ဘဲ သက်ကြီးပိုင်းများပျောက်ဆုံးမှုများဖြစ်ပွားနေ

မုံရွာမြို့နယ်မှာ ဒီနှစ် ၂၀၂၆ ခုနှစ်ဆန်းပိုင်းကနေ အသက် ၅၀နဲ့ ၆၀ ကြားလူကြီးများ ပျောက်ဆုံးမှု ဖြစ်ရပ် ဆက်တိုက်ဖြစ်ပွားနေတယ်လို့ ဆိုပါတယ်။ယခုနှစ် ဇန်နဝါရီလအတွင်းက...

မုံရွာမြို့နယ်မှာ ဒီနှစ် ၂၀၂၆ ခုနှစ်ဆန်းပိုင်းကနေ အသက် ၅၀နဲ့ ၆၀ ကြားလူကြီးများ ပျောက်ဆုံးမှု ဖြစ်ရပ် ဆက်တိုက်ဖြစ်ပွားနေတယ်လို့ ဆိုပါတယ်။


ယခုနှစ် ဇန်နဝါရီလအတွင်းက အသက် ၅၀ အရွယ် လင်းမယားနှစ်ဦးဟာ နာရေးတစ်ခုကို အိမ်စီးကားနဲ့ သွားရောက်ပြီးအပြန်တွင် အိမ်နဲ့ အဆက်အသွယ်ပျက်သွားခဲ့တယ်လို့သိရပါတယ်။

ဒါ့အပြင် ဖေဖော်ဝါရီလ အတွင်းကလည်း အသက် ၅၀ ခန့်ရှိ အမျိုးသား တစ်ဦးဟာ ကုန်ကြွေး သွားတောင်းမယ်လို့ပြောဆိုကာ တစ်ဦးတည်းကားနဲ့ ထွက်သွားခဲ့ပြီးနောက် ယနေ့ထိ အဆက်အသွယ်ပျက်တောက် ပျောက်ဆုံးနေတယ်လို့ ဆိုပါတယ်။

အဲဒီလို အိမ်နဲ့ အဆက်အသွယ်ပျက်တောက် ပျောက်ဆုံးနေတဲ့ အသက် ၅၀ အမျိုးသားကို မိသားစုများက ဆက်သွယ်ရာမှာ ဖုန်းမှားနေတယ်လို့ပြောဆိုပြီး ဖုန်းပိတ်ထားကာ ယခုချိန်ထိ ဘယ်လိုမှ ဆက်သွယ်လို့မရလို့ မိသားစုများ စိုးရိမ်ပူပန်နေကြရတယ်လို့ဖော်ပြထားပါတယ်။



news-view-count-icon

17