back

ဘုရားပွဲတော်ရာသီ ငါးလကျော်အတွင်း ပြည်တွင်းဘုရားဖူး ၁၀ သိန်းကျော် ကျိုက်ထီးရိုးသို့ လာရောက်ဖူးမြော်

Mar 19 • 12:58 PM

breaking-news

Myanmar

Mon

cover

ဘုရားပွဲတော်ရာသီ ငါးလကျော်အတွင်း ပြည်တွင်းဘုရားဖူး ၁၀ သိန်းကျော် ကျိုက်ထီးရိုးသို့ လာရောက်ဖူးမြော်

ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော်၏ ဘုရားပွဲတော်ကာလ ငါးလကျော်အတွင်းတွင် ပြည်တွင်းဘုရားဖူး လာရောက်သူဦးရေ ပေါင်း ၁၀ သိန်းကျော်ရှိလာကြောင်း ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ထ...

ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော်၏ ဘုရားပွဲတော်ကာလ ငါးလကျော်အတွင်းတွင် ပြည်တွင်းဘုရားဖူး လာရောက်သူဦးရေ ပေါင်း ၁၀ သိန်းကျော်ရှိလာကြောင်း ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ထံမှ သိရသည်။ထိုဘုရားဖူးရာသီကာလအတွင်း လတ်တလောစာရင်းများအရ လွန်ခဲ့သောဒီဇင်ဘာလတွင် ဘုရားဖူးအများဆုံး လာရောက်ခြင်းဖြစ်ပြီး ပြည်တွင်းဘုရားဖူးဦးရေ ၃ ဒသမ ၄ သိန်းနှင့် ပြည်ပဧည့်သည် ၈၀၀ ကျော် လာရောက်ခဲ့ကြကြောင်း သိရသည်။ထိုသို့လာရောက်သည့် ပြည်ပဧည့်သည်များအနက်တွင် နိုင်ငံပေါင်း ၂၈ ခုမှပါဝင်ပြီး အများဆုံးမှာ ထိုင်းနိုင်ငံမှဖြစ်သလို သီရိလင်္ကာမှ ဒုတိယအများဆုံး၊ ဗီယက်နမ်နှင့် ကမ္ဘောဒီးယားတို့မှ တတိယအများဆုံး လာရောက်ကြည်ညိုခဲ့ကြကြောင်း ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ထံမှ သိရသည်။





news-view-count-icon

12