အရှေ့အလယ်ပိုင်းမှာ စွမ်းအင်အခြေခံအဆောက်အအုံတွေကို အပြန်အလှန် တို-က်ခို-က်မှုတွေ အသစ်ထပ်မံဖြစ်ပွားခဲ့တဲ့အတွက် ရေနံတင်ပို့မှု ပြတ်တောက်သွားနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေ မြင့်တက်လာပြီး မတ်လ ၁၉ ရက်နေ့ အစောပိုင်း ကုန်သွယ်မှုမှာ Brent ရေနံစိမ်းဈေးနှုန်းဟာ တစ်စည်ကို ဒေါ်လာ ၁၁၀ အထက် အထိ သိသိသာသာ မြင့်တက်သွားပါတယ်။ အီရန် နဲ့ အစ္စရေး ကြားက အပြန်အလှန် တို-က်ခို-က်မှုတွေကြောင့် မနက်ပိုင်းမှာ Brent ရေနံဈေးဟာ ၂.၈ ရာခိုင်နှုန်း မြင့်တက်လာပြီး တစ်စည်ကို ဒေါ်လာ ၁၁၀.၄၀ ကို ရောက်ရှိခဲ့ပေမယ့် ပဋိပက္ခစတင်ပြင်းထန်လာချိန် မတ်လ ၉ ရက်နေ့က စံချိန်တင်ခဲ့တဲ့ တစ်စည်ကို ဒေါ်လာ ၁၁၉.၅၀ ထက်တော့ နိမ့်နေသေးတာ ဖြစ်ပါတယ်။ဒီလိုတင်းမာမှုတွေ မြင့်တက်လာတာဟာ ကမ္ဘာ့အကြီးဆုံး သဘာဝဓာတ်ငွေ့ရည် တင်ပို့တဲ့ စက်ရုံတွေရှိတဲ့ ကာတာ က စက်မှုဇုန်တစ်ခုကို အီရန် က တို-က်ခို-က်ခဲ့တယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာပြီးနောက်မှာ ဖြစ်ပါတယ်။ အဲဒီ တို-က်ခို-က်မှုကြောင့် အကြီးအကျယ် ပျက်စီးသွားတယ်လို့ သိရပြီး ဒုတိယအကြိမ် တို-က်ခို-က်မှုလို့ ယူဆရတဲ့ အခြေအနေမှာ ကာတာ အာဏာပိုင်တွေဟာ Ras Laffan Industrial City က မီးလောင်မှုကို ဖြေရှင်းနေရပါတယ်။ အစောပိုင်းကလည်း ဒေသတွင်းက အရေးအပါဆုံး စွမ်းအင်စီမံကိန်းတစ်ခုဖြစ်တဲ့ အီရန် ရဲ့ ဧရာမ South Pars သဘာဝဓာတ်ငွေ့မြေကို အစ္စရေးက တို-က်ခို-က်ခဲ့ပါတယ်။စွမ်းအင်အခြေခံအဆောက်အအုံတွေကို အပြန်အလှန် တို-က်ခို-က်နေကြတဲ့အတွက် အာရှဈေးကွက်တွေမှာလည်း ရင်းနှီးမြှုပ်နှံသူတွေရဲ့ ယုံကြည်မှု ကျဆင်းသွားခဲ့ပြီး ပဋိပက္ခကြောင့် စီးပွားရေးထိခိုက်နိုင်ခြေကို ကုန်သည်တွေက တွက်ချက်နေကြတာကြောင့် ဩစတြေးလျ၊ ဂျပန်နဲ့ တောင်ကိုရီးယား အပါအဝင် အာရှစတော့ရှယ်ယာဈေးကွက်တွေ ထပ်မံကျဆင်းသွားခဲ့ပါတယ်။ ပုံမှန်အားဖြင့် စိတ်ချရတဲ့ ရင်းနှီးမြှုပ်နှံမှုအဖြစ် သတ်မှတ်ထားတဲ့ ရွှေဟာလည်း ဒီအကျပ်အတည်းမှာ အကျိုးအမြတ် မရခဲ့ဘဲ အမေရိကန် ဒေါ်လာဈေးမာနေတာနဲ့ Federal Reserve က အတိုးနှုန်း လျှော့ချမယ်ဆိုတဲ့ မျှော်လင့်ချက်တွေ လျော့ကျသွားတာကြောင့် ဈေးကျဆင်းသွားခဲ့ပါတယ်။ စ-စ်ပွဲမစခင်က ရွှေတစ်အောင်စကို ဒေါ်လာ ၅,၂၇၉ ဝန်းကျင် ရှိခဲ့ရာကနေ အခုအခါမှာတော့ ဒေါ်လာ ၄,၈၃၅ ဝန်းကျင်အထိ ကျဆင်းသွားပါတယ်။



