back

‎တရုတ်ခရီးစဉ်ကို သီတင်းငါးပတ် သို့မဟုတ် ခြောက်ပတ်အထိ ထရန့်ဆိုင်းငံ့ထား ‎

Mar 19 • 4:57 AM

breaking-news

China

Local News

cover

‎တရုတ်ခရီးစဉ်ကို သီတင်းငါးပတ် သို့မဟုတ် ခြောက်ပတ်အထိ ထရန့်ဆိုင်းငံ့ထား ‎

လက်ရှိဖြစ်ပွားနေသော အီရန်စစ်ပွဲအခြေ အနေကြောင့် တရုတ်နိုင်ငံသို့သွားရောက်မည့် ခရီးစဉ်ကို သီတင်းငါးပတ်မှခြောက်ပတ်အထိ ရွှေ့ဆိုင်း ထားမည်ဖြစ်ကြောင်း အမေရိကန်သမ္မတဒေ...

လက်ရှိဖြစ်ပွားနေသော အီရန်စစ်ပွဲအခြေ အနေကြောင့် တရုတ်နိုင်ငံသို့သွားရောက်မည့် ခရီးစဉ်ကို သီတင်းငါးပတ်မှခြောက်ပတ်အထိ ရွှေ့ဆိုင်း ထားမည်ဖြစ်ကြောင်း အမေရိကန်သမ္မတဒေါ် နယ်ထရန်ကမတ် ၁၇ ရက်တွင် ထုတ်ဖော်ပြောကြားထားသည်။ ‎အမေရိကန်သမ္မတ ဒေါ်နယ်ထရန်သည် မူလက မတ် ၃၁ ရက်မှ ဧပြီ ၂ ရက်အထိ တရုတ် နိုင်ငံသို့သွားရောက်၍ တရုတ်သမ္မတရှီကျင်ပင်းနှင့် တွေ့ဆုံဆွေးနွေးရန် စီစဉ်ထားသည်။အီရန်စစ်ပွဲအခြေအနေကြောင့် တရုတ်နိုင်ငံခရီးစဉ်ကို သီတင်းပတ်ငါးပတ် သို့ မဟုတ်ခြောက်ပတ်ခန့်အထိ ကာလရွှေ့ဆိုင်းထား မည်ဖြစ်ကြောင်းသမ္မတဒေါ်နယ်ထရန့်က သတင်း ထောက်များနှင့်တွေ့ ဆုံစဉ် ထုတ်ဖော်ပြောကြားခဲ့ သည်။

‎‎အမေရိကန်ပြည်ထောင်စုအနေဖြင့် တရုတ် နိုင်ငံနှင့် လွန်စွာကောင်းမွန်သော အလုပ်သဘော ဆက်ဆံရေးရှိထားသည်ဖြစ်ရာ မိမိအနေဖြင့် တရုတ်နိုင်ငံသို့ နောင်လာမည့် သီတင်းငါးပတ်နှင့် ခြောက်ပတ်တာကာလအတွင်း သွားရောက်မည်ဖြစ် ကြောင်း သမ္မတဒေါ်နယ်ထရန်က ပြောကြားသည်။ ‎မိမိ၏ တရုတ်ခရီးစဉ်သည်ဟော်မုဇ်ရေလက် ကြားပြန်လည်ဖွင့်လှစ်ရေး ကြိုးပမ်းမှု၌ တရုတ်နိုင်ငံ ပါဝင်ကူညီမှုရှိ၊ မရှိအပေါ် မူတည်နေကြောင်း ပြီးခဲ့ သည့်သီတင်းပတ်အတွင်းက သမ္မတဒေါ်နယ်ထရန့် ကပြောကြားထားသည်။

‎‎အမေရိကန်နှင့် အစ္စရေးတို့က အီရန်ကိုစစ်ရေးအရ တိုက်ခိုက်ခဲ့ပြီးနောက် ဟော်မုဒ်ရေလက် ကြားကိုပိတ်ဆို့ရန် အီရန်ကကြိုးပမ်းလျက်ရှိသည်။


news-view-count-icon

9