back

ဘာလို့မျက်လုံးပွတ်ရသည့်အရသာ ခံစားလို့ကောင်းသလဲ

Mar 19 • 4:48 AM

breaking-news

Myanmar

Local

breaking-news
cover

ဘာလို့မျက်လုံးပွတ်ရသည့်အရသာ ခံစားလို့ကောင်းသလဲ

ပင်ပန်းတဲ့အခါ ဖိစီးတဲ့အခါ မျက်လုံးညောင်းတဲ့အခါ အလိုလိုနေရင်း မျက်လုံးပွတ်မိတတ်ကြပါတယ်။ တစ်နည်းနည်းနဲ့တော့ နေလို့ထိုင်လို့ ကောင်းသွားတတ်ပါတယ်။ ဒါက ဘေးအန္တရာယ်မ...

ပင်ပန်းတဲ့အခါ ဖိစီးတဲ့အခါ မျက်လုံးညောင်းတဲ့အခါ အလိုလိုနေရင်း မျက်လုံးပွတ်မိတတ်ကြပါတယ်။ တစ်နည်းနည်းနဲ့တော့ နေလို့ထိုင်လို့ ကောင်းသွားတတ်ပါတယ်။ ဒါက ဘေးအန္တရာယ်မရှိဘူး ထင်ရပြီး မျက်နှာပြင်အောက်မှာ နောက်ထပ် ဖြစ်ပျက်တာတွေ ရှိပါတယ်။ မျက်လုံးကို ဖိပွတ်တဲ့အခါ မျက်လုံးအိမ်တဝိုက်မှ အာရုံကြောမျှင်တွေ လှုံ့ဆော်ပေးပြီး ဦးနှောက်သို့အချက်ပြကာ မျက်လုံးညောင်းခြင်း၊ ခြောက်သွေ့ခြင်း၊ နေရခက်ခြင်းတို့ကို သက်သာစေပါတယ်။ ခဏတာ ပွတ်ပေးလိုက်ရင် မျက်ရည်စီးဆင်းမှု ကောင်းစေသဖြင့် မျက်လုံးခြောက်သွေ့ခြင်းကို စိုစွတ်စေပြီး အမှုန်အမွှားတွေ ဖယ်ရှားနိုင်တယ်လို့ မျက်လုံးအထူးကု ဒေါက်တာ ပူရန်ဒရာဘာဆင်က ပြောပါတယ်။

news-view-count-icon

20