back

ပြည်တွင်း၌ ကုန်ကြမ်းများပြန်လည်ရရှိလာမှုကြောင့် လက်မှုပန်းအိုးပြုလုပ်ရောင်းချသူများပြားလာနေ

Mar 19 • 4:43 AM

breaking-news

Myanmar

Local

breaking-news
cover

ပြည်တွင်း၌ ကုန်ကြမ်းများပြန်လည်ရရှိလာမှုကြောင့် လက်မှုပန်းအိုးပြုလုပ်ရောင်းချသူများပြားလာနေ

ပြည်တွင်း၌သွပ်နန်းကြိုးများထည့်သွင်းထားသော ကတ္တီပါစများဖြင့်ပြုလုပ်ရသည့် လက်မှုပန်းအိုးများမှာ လက်ရှိအချိန်တွင် ကုန်ကြမ်းပစ္စည်းများပြန်လည်ရရှိလာခြင်းကြောင့် ပြ...

ပြည်တွင်း၌သွပ်နန်းကြိုးများထည့်သွင်းထားသော ကတ္တီပါစများဖြင့်ပြုလုပ်ရသည့် လက်မှုပန်းအိုးများမှာ လက်ရှိအချိန်တွင် ကုန်ကြမ်းပစ္စည်းများပြန်လည်ရရှိလာခြင်းကြောင့် ပြုလုပ်ရောင်းချသူပြန်လည်များပြားလာကြောင်း မန္တလေးဒေသခံများထံမှ သိရသည်။တရုတ်နယ်စပ်မှအဓိကမှာယူတင်သွင်းရသည့် ကတ္တီပါစကုန်ကြမ်းပစ္စည်းများမှာ ပြီးခဲ့သည့်နှစ်ပိုင်းအတွင်း အခြေအနေအရ ကုန်သွယ်ရေးလမ်းကြောင်းများပြတ်တောက်ခဲ့သည့်အတွက် ပစ္စည်းပြတ်လပ်မှုများရှိလာခဲ့ပြီး ပြုလုပ်ရောင်းချသူ နည်းပါးခဲ့ရခြင်း ဖြစ်သည်။အခုကလမ်းတွေပြန်ပွင့်လာတော့ ကုန်ကြမ်းရတာများလို့ လုပ်တဲ့သူလည်းပြန်များလာတယ်။ ကိုယ့်ဖောက်သည်နဲ့ကိုယ်ပေါ့။ အရင်းအနှီးသိပ်မများတဲ့ တပိုင်တနိုင်လုပ်ငန်းလေးဖြစ်သလို လုပ်ရတာလည်း You tube တို့ Facebook တို့ကနေ လေ့လာလို့ရတော့ လုပ်တဲ့သူများလာတာပေါ့"ဟု အမရပူရမြို့နယ်မှ ဒေသခံလက်မှုလုပ်ငန်းလုပ်ကိုင်သူတစ်ဦးက ပြောသည်။ရောင်စုံပန်းပွင့်ပုံများဖြင့် ပြုလုပ်ထားသည့် လက်မှုအလှပန်းအိုးလေးများမှာ ပြည်တွင်းဈေးကွက်အပြင် တရုတ်ဈေးကွက် အတွင်းသို့ပါ ပြန်လည်တင်ပို့မှုများရှိလာခြင်းကြောင့် လုပ်ကိုင်သူများပြားနေခြင်းဖြစ်ကြောင်း သိရသည်။လက်မှုပန်းအိုးများမှာ ကျွမ်းကျင်မှုအလိုက် လူတစ်ဦးလျှင်ပျမ်းမျှတစ်ရက်ကို ၃၀ မှ ၁၀၀ ကြားပြုလုပ်နိုင်ပြီး တစ်ခုလျှင်ကျပ် ၁,၀၀၀ မှ ၂,၀၀၀ အထိ မြတ်စွန်းမှုများရှိနေကြောင်း လက်မှုလုပ်ငန်းလုပ်ကိုင်သူများထံမှ သိရသည်။



news-view-count-icon

21