back

ကျိုင်းတုံမြို့နယ်တွင် ဘိန်းစိမ်းများ နဲ့အတူတရားခံများဖမ်းဆီးရမိခဲ့

Mar 19 • 4:24 AM

breaking-news

Myanmar

Shan

breaking-news
cover

ကျိုင်းတုံမြို့နယ်တွင် ဘိန်းစိမ်းများ နဲ့အတူတရားခံများဖမ်းဆီးရမိခဲ့

မတ်လ ၁၇ ရက်နေ့ ၂၃နာရီ၁၅မိနစ် အချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ ကျိုင်းတုံမြို့...

မတ်လ ၁၇ ရက်နေ့ ၂၃နာရီ၁၅မိနစ် အချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ ကျိုင်းတုံမြို့နယ်၊ ကျိုင်းဖောင်းကျေးရွာအနီးတွင် အပေါ မောင်းနှင် လာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ဆိုင်ကယ်ခွကြားတွင် သယ်ဆောင်လာသော ဆာလာအိတ်များအတွင်းမှ ဘိန်းစိမ်း အလေးချိန် ၄၀.၅ ကီလို(ဒေသကာလတန်ဖိုးငွေကျပ် ၂၀၂.၅ သိန်း)နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် အပေါ(၃၅)နှစ်အား ကျိုင်းတုံမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဆက်လက်ဖော်ထုတ်လျက်ရှိပါတယ်။


news-view-count-icon

20