back

လိဂ်ပွဲပေါင်း(၁၀၀)ရှုံးပွဲမရှိစံချိန်ဖြင့် MNL ချန်ပီယံဆုကို ရှမ်းယူနိုက်တက်(၇) ကြိမ်မြောက် ဗိုလ်စွဲ

Mar 19 • 3:29 AM

breaking-news

Myanmar

Local

breaking-news
cover

လိဂ်ပွဲပေါင်း(၁၀၀)ရှုံးပွဲမရှိစံချိန်ဖြင့် MNL ချန်ပီယံဆုကို ရှမ်းယူနိုက်တက်(၇) ကြိမ်မြောက် ဗိုလ်စွဲ

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ မြန်မာနေရှင်နယ်လိဂ်ကော်မတီက ကြီးမှူးကျင်းပခဲ့သည့် Myanmar National League 2025-26 အမှတ်ပေးဘောလုံးပြိုင်ပွဲ၏ ရာသီပိတ်နောက်ဆုံးပွဲ...

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ မြန်မာနေရှင်နယ်လိဂ်ကော်မတီက ကြီးမှူးကျင်းပခဲ့သည့် Myanmar National League 2025-26 အမှတ်ပေးဘောလုံးပြိုင်ပွဲ၏ ရာသီပိတ်နောက်ဆုံးပွဲစဉ်များကို မတ်လ ၁၈ ရက် ညနေက ရန်ကုန်မြို့ YUSC ကွင်းတွင် ရန်ကုန်ယူနိုက်တက်နှင့် ဒဂုံစတားယူနိုက်တက်၊ တောင်ကြီးမြို့ ပြည်နယ်အားကစားကွင်းတွင် ရှမ်းယူနိုက်တက်နှင့် ဟံသာဝတီယူနိုက်တက်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြပြီး အမှတ်ပေးပွဲစဉ်များအပြီးတွင် ရှမ်းယူနိုက်တက်အသင်းက ချန်ပီယံဆုကို ရရှိခဲ့သည်။ ယမန်နေ့က တောင်ကြီးမြို့တွင် ကျင်းပခဲ့သည့် ရှမ်းယူနိုက်တက် (၁-၀) ဟံသာဝတီယူနိုက်တက် ပွဲစဉ်အပြီး ချန်ပီယံဆုပေးပွဲအခမ်းအနားအား ဆက်လက်ကျင်းပခဲ့ပြီး ရှေ့ဦးစွာ ၂၀၂၅-၂၆ မြန်မာနေရှင်နယ်လိဂ်အမှတ်ပေးပြိုင်ပွဲတွင် ရဂိုး (၁၇) ဂိုးဖြင့် ဂိုးသွင်းအများဆုံးကစားသမားဆု ရရှိခဲ့သည့် ရှမ်းယူနိုက်တက်တိုက်စစ်မှူး စအောင်ပြည့်ကိုအား အထိမ်းအမှတ်ဆုတံဆိပ်နှင့် ဆုကြေးငွေကျပ်သိန်း (၅၀) ကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင်ကလည်းကောင်း၊ ၂၀၂၅-၂၆ မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲတွင် အဆင့် (၅) နေရာရရှိသည့် ဟံသာဝတီယူနိုက်တက်အသင်းအား ဆုကြေးငွေကျပ်သိန်း (၂၀၀) ကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးစိန်ဝင်းကလည်းကောင်း ချီးမြှင့်ပေးခဲ့သည်။ Myanmar National League 2025-26 အမှတ်ပေးဘောလုံးပြိုင်ပွဲတွင် ချန်ပီယံဖြစ်ခဲ့သည့် ရှမ်းယူနိုက်တက်အသင်းအတွက် တစ်ဦးချင်း ရွှေတံဆိပ်ချီးမြှင့်မှုကို အာရှဘောလုံးအဖွဲ့ချုပ် အကြီးတန်းဒုတိယဥက္ကဌ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဌ ဦးဇော်ဇော်က ချီးမြှင့်ပေးခဲ့သည်။

အမှတ်ပေးချန်ပီယံဆုဖလားအား (၇) ကြိမ်မြောက် ရရှိခဲ့သည့် ရှမ်းယူနိုက်တက်အသင်းအား ဆုကြေးငွေကျပ်သိန်း (၁၀၀၀) နှင့် တစ်ရာသီလုံးရှုံးပွဲမရှိစံချိန်ဖြင့် ချန်ပီယံဖြစ်ခဲ့သည့် ရှမ်းယူနိုက်တက်အသင်းအား အထူးဆုဖလား ချီးမြှင့်ပေးမှုကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နာယက က ချီးမြှင့်ပေးခဲ့သည်။

ချန်ပီယံဆုဖလားကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နာယက တို့က ဂုဏ်ပြုချီးမြှင့်ပေးခဲ့သည်။ Myanmar National League 2025-26 အမှတ်ပေးပြိုင်ပွဲတွင် အဆင့် (၁) မှ အဆင့် (၅) အတွင်း ရရှိသည့် အသင်းများအား ဆုကြေးများ ပေးအပ်ခဲ့ပြီး ချန်ပီယံဆုကြေးကို ငွေကျပ်သိန်း (၁,၀၀၀)၊ အဆင့် (၂) နေရာမှ ရန်ကုန်ယူနိုက်တက်အသင်းကို ငွေကျပ်သိန်း ၇၀၀၊ အဆင့် (၃) နေရာမှ ဒဂုံစတားယူနိုက်တက်အသင်းကို ငွေကျပ်သိန်း (၅၀၀)၊ အဆင့် (၄) နေရာမှ ISPE အသင်းအား ငွေကျပ်သိန်း (၃၀၀) နှင့် အဆင့် (၅)တွင် ရပ်တည်နိုင်ခဲ့သည့် ဟံသာဝတီယူနိုက်တက်အသင်း ငွေကျပ်သိန်း (၂၀၀) ချီးမြှင့်ခဲ့ခြင်းဖြစ်သည်။ရှမ်းယူနိုက်တက်အသင်းသည် မြန်မာနေရှင်နယ်လိဂ်အမှတ်ပေးဆုဖလားကို (၇)ကြိမ်မြောက် နှင့် (၆) ကြိမ်ဆက် ရရှိခြင်းဖြစ်သည်။ ထို့အတူ ရှမ်းယူနိုက်တက်အသင်း၏ ရှုံးပွဲမရှိစံချိန်မှတ်တမ်းသည် စုစုပေါင်း ပွဲ ၁၀၀ ပြည့်မြောက်ခဲ့သည်။

news-view-count-icon

26