back

ဂျပန်မှ မြန်မာဆေးပညာဘွဲ့ကြိုကျောင်းသူများကို Student Exchange Programတက်ရောက်ခွင့်ပေး

Mar 19 • 3:25 AM

breaking-news

Myanmar

Local

breaking-news
cover

ဂျပန်မှ မြန်မာဆေးပညာဘွဲ့ကြိုကျောင်းသူများကို Student Exchange Programတက်ရောက်ခွင့်ပေး

ဂျပန်မှ မြန်မာဆေးဘက်ဆိုင်ရာနည်းပညာတက္ကသိုလ်တက်ရောက်နေတဲ့ ဘွဲ့ကြိုကျောင်းသူ(၃)ဦးကို International Student Exchange Program တက်ရောက်ခွင့်ပေးခဲ့တယ်လို့ ကျန်းမာရေးဝ...

ဂျပန်မှ မြန်မာဆေးဘက်ဆိုင်ရာနည်းပညာတက္ကသိုလ်တက်ရောက်နေတဲ့ ဘွဲ့ကြိုကျောင်းသူ(၃)ဦးကို International Student Exchange Program တက်ရောက်ခွင့်ပေးခဲ့တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနမှ သိရပါတယ်။ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ ဆေးဘက်ဆိုင်ရာနည်းပညာတက္ကသိုလ်၊ ရန်ကုန်နဲ့ နားလည်မှုစာချွန်လွှာ (Memorandum of Understanding) လက်မှတ်ရေးထိုး ထားသော ဂျပန်နိုင်ငံ၊ Kitasato University မှ ခေါ်ယူတာ ဖြစ်ပါတယ်။အဲဒီ့တက္ကသိုလ်က နှစ်စဉ်ကျင်းပပြုလုပ်တဲ့ International Student Exchange Program အရ ၂၀၂၆ ပညာသင်နှစ်မှာ (၉-၃-၂၀၂၆) မှ (၁၄-၃-၂၀၂၆) ရက်နေ့အထိ ဂျပန်နိုင်ငံ၊ တိုကျိုမြို့တွင် ကျင်းပပြုလုပ်သည့် Kitasato University International Exchange Program 2025 including the cross-cultural interdisciplinary case study သို့တက်ရောက်ဖို့ ဆေးဘက်ဆိုင်ရာနည်းပညာတက္ကသိုလ်၊ ရန်ကုန်မှ စတုတ္ထနှစ် ဘွဲ့ကြိုကျောင်းသူ (၃) ဦးတို့ဟာ (၇-၃-၂၀၂၆) ရက်နေ့မှာရန်ကုန်မြို့မှ ဂျပန်နိုင်ငံသို့ လေကြောင်းခရီးဖြင့် ထွက်ခွာပြီး (၁၆-၃-၂၀၂၆) ရက်နေ့မှာ ဂျပန်နိုင်ငံမှ ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိခဲ့တယ်လို့သိရပါတယ်။

news-view-count-icon

21