back

ရန်ကုန်တွင် လျှပ်စစ်မီးများ ၄ နာရီခြား အလှည့်ကျပြန်ပြတ်လာ

Mar 19 • 3:22 AM

breaking-news

Myanmar

Yangon

breaking-news
cover

ရန်ကုန်တွင် လျှပ်စစ်မီးများ ၄ နာရီခြား အလှည့်ကျပြန်ပြတ်လာ

ရန်ကုန်မြို့တွင် လျှပ်စစ်မီးများ ၄ နာရီခြား၍ အလှည့်ကျပြန်လည်ပြတ်တောက်မှုကို စတင်ကြုံလာရကြောင်း မြို့ခံများကြားမှ သိရသည်။လွန်ခဲ့သော မတ်လ ၁၈ ရက်အတွင်းမှစတင်ကာ မြိ...

ရန်ကုန်မြို့တွင် လျှပ်စစ်မီးများ ၄ နာရီခြား၍ အလှည့်ကျပြန်လည်ပြတ်တောက်မှုကို စတင်ကြုံလာရကြောင်း မြို့ခံများကြားမှ သိရသည်။လွန်ခဲ့သော မတ်လ ၁၈ ရက်အတွင်းမှစတင်ကာ မြို့နယ်များအလိုက် အချို့တွင် နေ့လယ်ပိုင်း၊ ညနေပိုင်း၊ ညဦးပိုင်း စသည့် ကာလများအတွင်း ကြုံလာရခြင်းဖြစ်ကြောင်း ဆိုကြသည်။လူမှုကွန်ရက်မှာကြည့်ရင်တော့ ဘာသင်္ဘောကြီးရောက်ပြီ၊ ဓာတ်ငွေ့တွေ ဘယ်လောက်ပါလာပြီဆိုတာတွေ ဖော်ပြတာ တွေ့နေရပေမယ့် အခုမီးတွေစပျက်နေပြီလေ၊ နောက်ပိုင်းပိုဆိုးမလာဖို့ပဲ မျှော်လင့်ပါတယ်”ဟုလည်း မြို့ခံတစ်ဦးက ပြောသည်။လက်ရှိတွင် ရန်ကုန်မြို့ရှိ မြို့နယ်များအတွင်း အုပ်စုနှစ်ခုခွဲ၍ ၄ နာရီခြားကာ အလှည့်ကျဝန်အားလျှော့ခြင်းမျိုးဖြင့် လုပ်ဆောင်နေကြောင်းလည်း မြို့နယ်လျှပ်စစ်ရုံးများမှ သိရသည်။မြန်မာနိုင်ငံတစ်ဝှမ်း နွေရာသီသို့ ရောက်ရှိလာရာ လျှပ်စစ်သုံးစွဲမှု မြင့်တက်လာခြင်းနှင့်အတူ လျှပ်စစ်ဓာတ်အား ဝန်အားမျှတခွဲဝေဖြန့်ဖြူးမှု (Planned Load Shedding) ကို မတ်လ ၁၈ ရက် မှစတင်၍ နေရာနှင့် အချိန်အလိုက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနကလည်း ထုတ်ပြန်ထားသည်။




news-view-count-icon

26