ရှမ်းပြည်တောင်ပိုင်း မိုင်းရှူးမြို့နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းပြီး မိုးသီး ကြွေကျခဲ့ခြင်းကြောင့် ဖရဲစိုက်ခင်း ဧကများစွာ ပျက်စီးဆုံးရှုံးခဲ့ကြောင်း စုံစမ်းသိရသည်။ မိုင်းရှူးမြို့နယ်ရှိ နားစံကျေးရွာနှင့် ပန်စွဲကျေးရွာဘက်တွင် နှစ်စဉ်ပုံမှန် ဆောင်းသီးနှံ ရာသီစာဖြစ်သည့် ဖရဲသီးများကို စိုက်ပျိုးလေ့ရှိကြပြီး၊ ဒေသခံအချို့သည် ခြံစိုက်ခင်းများကို ငှားရမ်းကာ ဖရဲသီးများကို စိုက်ပျိုးကြကြောင်း ဒေသခံများထံမှ သိရသည်။မတ်လ ဒုတိယပတ်အတွင်း မိုင်းရှူးမြို့နယ်တွင် အချိန်အခါမဟုတ် မိုးသည်းထန်စွာ ရွာသွန်းပြီး မိုးသီးကြွေကျခဲ့ခြင်းကြောင့် ဖရဲစိုက်ခင်း ဧကများစွာ ပျက်စီးဆုံးရှုံးခဲ့ရကြောင်း မိုင်းရှူးမြို့နယ် ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။မိုင်းရှူးမြို့နယ်တွင် ဖရဲသီး စိုက်ပျိုးထားသည့် ဒေသခံများသည် ယခုနှစ်တွင် မိုးသီးကြွေကျခြင်းကြောင့် ဖရဲခင်းများ ပျက်စီးဆုံးရှုံးခဲ့ပြီးနောက် လာမည့်နှစ်အတွက် အရင်းစိုက်ထုတ် လုပ်ကိုင်စိုက်ပျိုးရန် ခက်ခဲနိုင်ကြောင်း မိုင်းရှူးမြို့နယ်ဒေသခံ အမျိုးသမီးတစ်ဦးက ထပ်လောင်းပြောသည်။



