အဆင့်မြင့်ပညာရေးအတွက် ပြင်ဆင်နေသည့် မွန်လူငယ်များ အကူအညီဖြစ်စေရန် Diploma in English သင်တန်းကို မွန်တက္ကသိုလ်ကျောင်းသားများကွန်ယက် (Mon University Students Network – Thailand, MUSN) မှ အွန်လိုင်းမှတစ်ဆင့် အခမဲ့ဖွင့်လှစ်ရန် စီစဉ်နေကြောင်း သိရသည်။ထိုင်းနိုင်ငံရှိ တက္ကသိုလ်များတွင် ပညာသင်ကြားနေသည့် မွန်လူငယ်များနှင့် မွန်တက္ကသိုလ်ကျောင်းသားများကွန်ယက် (Mon University Students Network – Thailand, MUSN) တို့မှ ပြီးခဲ့သည့် မတ်လ ၁၄ ရက်နေ့က ပြုလုပ်သည့် ကျောင်းသားသစ်ကြိုဆိုပွဲနှင့် နှစ်ပတ်လည်အစည်းအဝေးတွင် ဆွေးနွေးဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။အင်္ဂလိပ်ဘာသာကို အခြေခံအဆင့်မှ ကျွမ်းကျင်အဆင့်အထိ သင်ကြားပေးမည်ဖြစ်သည့်အပြင် ထိုင်းနိုင်ငံအတွင်း အဆင့်မြင့်ပညာရေးဆိုင်ရာ အခွင့်အလမ်းများရရှိရန် ချိတ်ဆက်ကူညီပေးသွားမည်ဟု သိရသည်။



