မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ နတ်ကြီးကျေးရွာအုပ်စု ပျဉ်သားရွာ၊ ရွှေလုပ်ကွက်အနီးတွင် ဒေသခံအမျိုးသား ၂ ဦး မြေမြှုပ်မိုင်းနင်းမိ၍ ပြင်းထန်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။ အသက် ၂၀ ကျော်အရွယ် လူငယ် ရွှေလုပ်သား ၂ ဦး ချုံရှင်းလင်းစဉ် မြေမြှုပ်မိုင်းနင်းမိပြီး ပေါက်ကွဲမှုဖြစ်ပွားကာ ဒဏ်ရာပြင်းထန်ရရှိခဲ့သဖြင့် သထုံဆေးရုံသို့ ပို့ဆောင်ထားသည်ဟု သိရသည်။ဘီးလင်းမြို့နယ်အတွင်း မြေမြှုပ်မိုင်း နင်းမိပေါက်ကွဲဖြစ်စဉ်များ မကြာခဏ ဖြစ်ပွားနေပြီး ပြီးခဲ့သည့် ၂၀၂၅ နိုဝင်ဘာလကလည်း ဘီးလင်းမြို့နယ်၊ မဲလံဖားကဒူးကျေးရွာအနီးရှိ ဥယျာဉ်ခြံတွင် အမျိုးသမီးတစ်ဦး မြေမြှုပ်မိုင်းနင်းမိ၍ ဒဏ်ရာပြင်းထန်ရရှိခဲ့သေးပါသည်။
မွန်ပြည်နယ်၊ဘီးလင်းမြို့နယ်၊ ရွှေလုပ်ကွက်အနီးတွင် ဒေသခံအမျိုးသားနှစ်ဦး မြေမြှုပ်မိုင်းနင်းမိကာ ပြင်းထန်ဒဏ်ရာရရှိခဲ့
Mar 19 • 3:00 AM
Myanmar
Mon
Share
| 13 | 0 | 0 | 0 |


