ဆီနီဂေါဘောလုံးအဖွဲ့ချုပ်က ၂၀၂၅ အာဖရိကနိုင်ငံများဖလား ချန်ပီယံဆုနဲ့ ဆုတံဆိပ်တွေကို ပြန်လည်လွှဲပြောင်းပေးဖို့ ငြင်းဆန်ခဲ့ကြောင်း သိရပါတယ်။အာဖရိကဘောလုံးအဖွဲ့ချုပ်(CAF)က ၂၀၂၅ အာဖရိကနိုင်ငံများဖလားဗိုလ်လုပွဲမှာ ဆီနီဂေါနည်းပြနဲ့ ကစားသမားတွေ ဒိုင်လူကြီးခွင့်ပြုချက်မရဘဲ ကွင်းပြင်ထွက်သွားခဲ့ခြင်းအတွက် ဆီနီဂေါအသင်း အနိုင်ရခဲ့တဲ့ ဗိုလ်လုပွဲရလဒ်ကို ပယ်ဖျက်ပြီး ပြိုင်ဘက်မော်ရိုကိုအသင်းကို (၃-၀)ဂိုးနဲ့ အနိုင်ပေးခဲ့ပါတယ်။CAF ရဲ့ ဒီဆုံးဖြတ်ချက်အရ ဆီနီဂေါအသင်းအနေနဲ့ ဆုဖလားနဲ့ ဆုတံဆိပ်တွေကို မော်ရိုကိုအသင်းဆီ လွှဲပြောင်းပေးရမှာဖြစ်ပေမဲ့ ဆီနီဂေါဘောလုံးအဖွဲ့ချုပ်က ငြင်းဆန်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။ဆီနီဂေါဘောလုံးအဖွဲ့ချုပ်က CAF ရဲ့ ဆုံးဖြတ်ချက်ဟာ တရားမျှတမှုမရှိကြောင်း၊ အရင်ကလည်း မရှိခဲ့ဖူးတဲ့ဆုံးဖြတ်ချက်ဖြစ်ကြောင်း၊ လက်ခံနိုင်ဖွယ်မရှိကြောင်း၊ အာဖရိကနိုင်ငံများဖလားပြိုင်ပွဲရဲ့ ဂုဏ်သတင်းကို ညှိုးနွမ်းစေကြောင်းနဲ့ မိမိတို့အနေနဲ့ နိုင်ငံတကာအားကစားခုံရုံး(CAS)ထံ အယူခံဝင်သွားမှာဖြစ်ကြောင်း ကြေညာချက်မှာ ဖော်ပြခဲ့ပါတယ်။ဆီနီဂေါဘောလုံးအဖွဲ့ချုပ်က အာဖရိကဘောလုံးအဖွဲ့ချုပ်ရဲ့ အဖွဲ့ဝင်နိုင်ငံအဖြစ်က နုတ်ထွက်ဖို့ပါ စဉ်းစားနေပြီဖြစ်ကြောင်းလည်း သတင်းထွက်နေပါတယ်။
ဆီနီဂေါဘောလုံးအဖွဲ့ချုပ်က အာဖရိကနိုင်ငံများဖလားနဲ့ ဆုတံဆိပ်တွေ ပြန်လည်လွှဲပြောင်းပေးအပ်ဖို့ ငြင်းဆန်
Mar 19 • 2:59 AM
Myanmar
International
Share
| 11 | 0 | 0 | 0 |


