back

စင်ကာပူနိုင်ငံ၌ ကားသမားတစ်ဦး ဆိုင်ကယ်ကို နောက်ကနေ တိုက်မိပြီးနောက် ဆိုင်ကယ်သမားကို ဖက်ကာ ဒေါ်လာ ၅၀ ပေးလျော်ရန် ကမ်းလှမ်းခဲ့သော်လည်း နောက်ပိုင်းတွင် အပြစ်လွှဲချခဲ့ကြောင်း စွပ်စွဲခံရ

Mar 19 • 3:02 AM

breaking-news

Singapore

Local News

cover

စင်ကာပူနိုင်ငံ၌ ကားသမားတစ်ဦး ဆိုင်ကယ်ကို နောက်ကနေ တိုက်မိပြီးနောက် ဆိုင်ကယ်သမားကို ဖက်ကာ ဒေါ်လာ ၅၀ ပေးလျော်ရန် ကမ်းလှမ်းခဲ့သော်လည်း နောက်ပိုင်းတွင် အပြစ်လွှဲချခဲ့ကြောင်း စွပ်စွဲခံရ

စင်ကာပူနိုင်ငံ၊ Tampines Avenue 2 မှာ မတ်လ ၁၅ ရက်နေ့ ည ၁၀ နာရီခွဲခန့်က ထူးဆန်းတဲ့ ယာဉ်တိုက်မှုတစ်ခု ဖြစ်ပွားခဲ့ပါတယ်။ ကားမောင်းသူ အမျိုးသားတစ်ဦးဟာ ရှေ့က ဆိုင်ကယ...

စင်ကာပူနိုင်ငံ၊ Tampines Avenue 2 မှာ မတ်လ ၁၅ ရက်နေ့ ည ၁၀ နာရီခွဲခန့်က ထူးဆန်းတဲ့ ယာဉ်တိုက်မှုတစ်ခု ဖြစ်ပွားခဲ့ပါတယ်။ ကားမောင်းသူ အမျိုးသားတစ်ဦးဟာ ရှေ့က ဆိုင်ကယ်ကို နောက်ကနေ တိုက်မိခဲ့ပြီးနောက် ဆိုင်ကယ်သမားကို ဖက်ကာ နှစ်သိမ့်ခဲ့သလို လျော်ကြေးအဖြစ် ဒေါ်လာ ၅၀ ပေးဖို့ ကမ်းလှမ်းခဲ့ပေမဲ့ ရဲတွေရောက်လာတဲ့အခါမှာတော့ ဆိုင်ကယ်သမားကိုပဲ အပြစ်ပြန်လွှဲခဲ့တယ်လို့ သိရပါတယ်‌။SG Road Vigilante Facebook စာမျက်နှာမှာ ပျံ့နှံ့လာတဲ့ Dashcam မှတ်တမ်းအရ အနက်ရောင်ကားတစ်စီးဟာ မီးနီမှာ ရပ်ထားပြီး မီးစိမ်းသွားတဲ့အခါ ရှေ့က ဆိုင်ကယ်ကို နောက်ကနေ ဝင်တိုက်မိခဲ့တာ ဖြစ်ပါတယ်‌။ ဆိုင်ကယ်သမားဟာ လဲကျသွားခဲ့ပြီး သူ့ရဲ့သမီးဖြစ်သူကတော့ ဖခင်ဖြစ်သူဟာ ညဘက် ဝတ်ပြုဆုတောင်းပြီးအပြန်မှာ အခုလို တိုက်ခံရတာလို့ ပြောပြခဲ့ပါတယ်‌။တိုက်မိပြီးချင်းမှာပဲ အသက် ၇၉ နှစ်အရွယ် ကားမောင်းသူဟာ ကားပေါ်ကဆင်းလာပြီး လဲကျသွားတဲ့ အသက် ၇၁ နှစ်အရွယ် ဆိုင်ကယ်သမားကို ဖက်ကာ ကျောကို ပုတ်ပြီး နှစ်သိမ့်ပေးနေတာကို ဗီဒီယိုမှာ တွေ့ရပါတယ်‌။ အနားမှာရှိနေတဲ့ လမ်းသွားလမ်းလာတစ်ဦးရဲ့ အဆိုအရ ကားသမားဟာ ဆိုင်ကယ်သမားကို ဒေါ်လာ ၅၀ ပေးပြီး ကျေအေးဖို့ ကမ်းလှမ်းခဲ့တယ်လို့ ဆိုပါတယ်‌။ဒါပေမဲ့ ရဲတပ်ဖွဲ့ဝင်တွေ ရောက်ရှိလာပြီး စစ်ဆေးမေးမြန်းတဲ့အခါမှာတော့ အဆိုပါ ကားသမားဟာ ဆိုင်ကယ်သမားကြောင့်သာ ဒီမတော်တဆမှု ဖြစ်ပွားရတာလို့ အပြစ်ပြန်လွှဲခဲ့ကြောင်း စွပ်စွဲခံထားရပါတယ်‌။ ရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ ဆိုင်ကယ်သမားကို ဆေးရုံသို့ ပို့ဆောင်ခဲ့ရပြီး ကားမောင်းသူဟာလည်း လက်ရှိမှာ စုံစမ်းစစ်ဆေးမှုတွေကို ကူညီပေးနေတယ်လို့ သိရပါတယ်‌။

news-view-count-icon

9