ထိုင်းနိုင်ငံရဲ့ အင်တာနက်လူမှုကွန်ရက်မှာ အလွန်နာမည်ကြီးနေတဲ့ ပုပုလေး (Pygmy Hippo) ရေမြင်းမလေး Moo Deng ရဲ့ ခြံဝင်းအတွင်းကို အမျိုးသားတစ်ဦး တရားမဝင် ကျူးကျော်ဝင်ရောက်ခဲ့တာကြောင့် တိရစ္ဆာန်ရုံဘက်က ရဲစခန်းမှာ အမှုဖွင့်တိုင်ကြားလိုက်ပြီ ဖြစ်ပါတယ်။ဘန်ကောက်မြို့ကနေ ၂ နာရီခန့် မောင်းရတဲ့ Khao Kheow Open Zoo မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး အင်္ဂါနေ့က အမျိုးသားတစ်ဦးဟာ ဘောင်းဘီတို၊ စွပ်ကျယ်နဲ့ ဖိနပ်ပါးဝတ်ဆင်ကာ Moo Deng နဲ့ သူမရဲ့မိခင်ရှိရာ ကန့်သတ်နယ်မြေအတွင်းကို ဝင်ရောက်ပြီး Tablet တစ်လုံးနဲ့ အနီးကပ် ဗီဒီယိုရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။ တိရစ္ဆာန်ရုံဝန်ထမ်းတွေက အဆိုပါအမျိုးသားကို ခြံထဲကနေ ပြန်လည်ခေါ်ထုတ်ဖို့ ၁၀ မိနစ်ခန့် အချိန်ယူခဲ့ရပါတယ်။တိရစ္ဆာန်ရုံရဲ့ ထုတ်ပြန်ချက်အရ Moo Deng ဟာ ထိခိုက်ဒဏ်ရာရရှိခြင်း မရှိပေမဲ့ အနည်းငယ် လန့်ဖျန့်သွားခဲ့တယ်လို့ ဆိုပါတယ်။ထိုင်းနိုင်ငံဥပဒေအရ တရားမဝင် ကျူးကျော်ဝင်ရောက်မှုအတွက် ထောင်ဒဏ် ၁ နှစ်အထိ ဖြစ်စေ၊ ဒဏ်ငွေ ဘတ် ၂၀,၀၀၀ ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ခံရနိုင်ပါတယ်။ Moo Deng ဟာ ၂၀၂၄ ခုနှစ်ကတည်းက သူမရဲ့ ချစ်စရာအမူအရာတွေကြောင့် ကမ္ဘာတစ်ဝန်းမှာ နာမည်ကြီးခဲ့သူဖြစ်ပြီး ပြီးခဲ့တဲ့ ဇူလိုင်လကမှ အသက် ၁ နှစ်ပြည့် မွေးနေ့ပွဲကို ကျင်းပခဲ့တာ ဖြစ်ပါတယ်။
ထိုင်းရဲတပ်ဖွဲ့မှ နာမည်ကျော် ရေမြင်းလေး Moo Deng ၏ ခြံဝင်းအတွင်းသို့ တရားမဝင် ကျူးကျော်ဝင်ရောက်သူတစ်ဦးကို အမှုဖွင့်အရေးယူ
Mar 19 • 2:56 AM
Thailand
Local News
Share
| 14 | 0 | 0 | 0 |


