back

အီရန် ထောက်လှမ်းရေးဝန်ကြီးကို လုပ်ကြံ သတ်ဖြတ်နိုင်ခဲ့ကြောင်း အစ္စရေးပြော၊ အီရန် အဆင့်မြင့်ခေါင်းဆောင်ပိုင်းများ ဆက်တိုက် လုပ်ကြံခံနေရ

Mar 19 • 2:42 AM

breaking-news

Myanmar

International

cover

အီရန် ထောက်လှမ်းရေးဝန်ကြီးကို လုပ်ကြံ သတ်ဖြတ်နိုင်ခဲ့ကြောင်း အစ္စရေးပြော၊ အီရန် အဆင့်မြင့်ခေါင်းဆောင်ပိုင်းများ ဆက်တိုက် လုပ်ကြံခံနေရ

အင်္ဂါနေ့ညပိုင်းက အီရန်နိုင်ငံမြို့တော် တီဟီရန်၌ ပြုလုပ်ခဲ့သည့် တိုက်ခိုက်မှုအတွင်း အီရန်ထောက်လှမ်းရေးဝန်ကြီးကို လုပ်ကြံသတ်ဖြတ်နိုင်ခဲ့ကြောင်း အစ္စရေးကာကွယ်ရေးဝ...

အင်္ဂါနေ့ညပိုင်းက အီရန်နိုင်ငံမြို့တော် တီဟီရန်၌ ပြုလုပ်ခဲ့သည့် တိုက်ခိုက်မှုအတွင်း အီရန်ထောက်လှမ်းရေးဝန်ကြီးကို လုပ်ကြံသတ်ဖြတ်နိုင်ခဲ့ကြောင်း အစ္စရေးကာကွယ်ရေးဝန်ကြီး အစ္စရေးကက်ဇ် က မနေ့က အတည်ပြု ပြောကြားလိုက်သည်။ယင်းမှာ အီရန် အဆင့်မြင့်ခေါင်းဆောင်ပိုင်းများကို ပစ်မှတ်ထားသည့် အစ္စရေး၏ နောက်ဆုံး လုပ်ဆောင်ချက်လည်း ဖြစ်သည်။မနေ့နံနက်ပိုင်းတွင် ပြုလုပ်ခဲ့သည့် စစ်ရေးအခြေအနေ သုံးသပ်ချက်အစည်းအဝေး၌ ကာကွယ်ရေးဝန်ကြီး ကက်ဇ်က ဒေသတွင်း၌ ဖြစ်ပွားနေသော စစ်ပွဲ၏ စစ်မျက်နှာပြင် အားလုံးတွင် ကြီးမားသော အံ့အားသင့်ဖွယ်ရာများကို မျှော်လင့်ထားနိုင်ကြောင်းနှင့် စစ်ရှိန်ကို ပိုမိုမြှင့်တင်သွားမည် ဖြစ်ကြောင်း ကတိပြု ပြောကြားခဲ့သည်။ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုနှင့် ၎င်းတို့ ၂ ဦးသည် အီရန် ခေါင်းဆောင်ပိုင်းရှိ အခြားအဖွဲ့ဝင်များကို ပစ်မှတ်ထား တိုက်ခိုက်ရန် လုပ်ငန်းစဉ်များကို ပိုမိုမြန်ဆန် ချောမွေ့အောင် လုပ်ဆောင်ထားကြောင်းလည်း ဆိုသည်။

"စစ်ဆင်ရေးအရဖြစ်စေ၊ ထောက်လှမ်းရေးအရဖြစ်စေ အခွင့်အလမ်းရရှိတာနဲ့ အီရန်အဆင့်မြင့်အရာရှိ ဘယ်သူ့ကိုမဆို ထပ်မံ ခွင့်ပြုချက် တောင်းခံနေစရာ မလိုဘဲ ချေမှုန်းသတ်ဖြတ်ဖို့ အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ကို ကျနော် လုပ်ပိုင်ခွင့်ပေးလိုက်ပြီ" ဟု အစ္စရေးကာကွယ်ရေးဝန်ကြီးက ပြောကြားခဲ့သည်။ယင်းလုပ်ကြံမှုသည် အီရန် အုပ်ချုပ်ရေးယန္တရား၏ ထိပ်သီးခေါင်းဆောင်များကို ချေမှုန်းရန် အစ္စရေးက ဆောင်ရွက်နေသည့် စစ်ဆင်ရေးများအနက် တစ်ခုဖြစ်ပြီး ဒေသတွင်း တင်းမာမှုများကို ပိုမိုမြင့်တက်စေခဲ့သည်။ အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ - IDF ၏ ထုတ်ပြန်ချက်အရ ၎င်းတို့သည် အီရန်၏ ထောက်လှမ်းရေးနှင့် လုံခြုံရေးကွန်ရက်ကို အားနည်းသွားစေရန် မဟာဗျူဟာမြောက် ပစ်မှတ်ထား လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ယခုလုပ်ကြံခံရမှုသည် ပြီးခဲ့သည့်လများအတွင်း အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ - IRGC နှင့် အစိုးရအဖွဲ့ဝင် အဆင့်မြင့်အရာရှိကြီးများ ဆက်တိုက် လုပ်ကြံခံရမှုများအပြီး နောက်ဆုံးဖြစ်ပွားခဲ့သည့် ဖြစ်စဉ်တစ်ခုလည်း ဖြစ်သည်။

တနင်္လာည အစ္စရေး တိုက်ခိုက်မှုတွင်လည်း အီရန်၏ အရေးပါဆုံး ခေါင်းဆောင်တစ်ဦးဖြစ်သည့် အမျိုးသားလုံခြုံရေးကောင်စီ အတွင်းရေးမှူး အလီလာရီဂျာနီနှင့် အီရန်ပြည်သူ့စစ်အဖွဲ့ Basij ၏ တပ်မှူး ဆိုလိုင်မာနီတို့ သေဆုံးခဲ့ရသည်။အီရန်ဘက်မှမူ ယခုဖြစ်ရပ်နှင့် ပတ်သက်၍ တစ်စုံတစ်ရာ တုံ့ပြန်ပြောကြားခြင်း မရှိသေးသော်လည်း လက်စားခြေ တုံ့ပြန်မှုများ ပြုလုပ်လာနိုင်ကြောင်း နိုင်ငံတကာ စစ်ရေးလေ့လာသူများက ခန့်မှန်းလျက်ရှိသည်။




news-view-count-icon

17