back

အလီလာရီဂျာနီ သေဆုံးမှု အီရန်အစိုးရ အတည်ပြုကာ ဗုံးပဒေသာ ထိပ်ဖူးတပ် ဒုံးကျည်များ ဖြင့် အစ္စရေးကို တုံ့ပြန်

Mar 19 • 2:37 AM

breaking-news

Myanmar

International

cover

အလီလာရီဂျာနီ သေဆုံးမှု အီရန်အစိုးရ အတည်ပြုကာ ဗုံးပဒေသာ ထိပ်ဖူးတပ် ဒုံးကျည်များ ဖြင့် အစ္စရေးကို တုံ့ပြန်

အမေရိကန်ပြည်ထောင်စုနှင့် အစ္စရေးတို့၏ ပူးတွဲလေကြောင်းတိုက်ခိုက်မှုကြောင့်အီရန်အ မျိုးသားလုံခြုံရေးကောင်စီ အတွင်းရေးမှူး အလီလာရီဂျာနီ သေဆုံးခဲ့ရကြောင်းအီရန် အစို...

အမေရိကန်ပြည်ထောင်စုနှင့် အစ္စရေးတို့၏ ပူးတွဲလေကြောင်းတိုက်ခိုက်မှုကြောင့်အီရန်အ မျိုးသားလုံခြုံရေးကောင်စီ အတွင်းရေးမှူး အလီလာရီဂျာနီ သေဆုံးခဲ့ရကြောင်းအီရန် အစိုးရမီဒီယာများက မတ် ၁၈ ရက်တွင် အတည်ပြု သတင်းထုတ်ပြန်ထားသည်။အသက် (၆၇) နှစ်အရွယ်အလီလာရီဂျာနီသည် တီဟီရန်မြို့အရှေ့ဘက် မြို့စွန်လူနေ ဒေသ တစ်ခုရှိ သမီးဖြစ်သူထံ သွားရောက်စဉ်အမေရိကန်နှင့် အစ္စရေးတို့၏ မတ်၁၇ ရက် လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရကြောင်း အီရန်မီဒီယာများ၏ သတင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။အစ္စရေးနှင့် အမေရိကန်တို့၏လေကြောင်း တိုက်ခိုက်မှုအတွင်းအလီလာရီဂျာနီအပြင် ၎င်း၏သားဖြစ်သူနှင့် လက်ထောက်တစ်ဦးတို့လည်း သေဆုံးခဲ့ရကြောင်း သိရသည်။အလီလာရီဂျာနီ သေဆုံးမှုကိုလက်တုံ့ပြန်သည့်အနေဖြင့် အီရန်စစ်ဘက်က မတ် ၁၇ ရက်တွင် ဗုံးပဒေသာထိပ်ဖူးများ တပ်ဆင်ထားသည့်ဒုံးကျည်များဖြင့် အစ္စရေးနိုင်ငံကို တိုက်ခိုက်ခဲ့ကြောင်း အီရန်တာဝန်ရှိသူများက ပြောကြားထားသည်။အီရန်၏ လက်တုံ့ပြန်တိုက်ခိုက်မှုကြောင့် တဲလ်အဗစ်မြို့တော်အနီး လူနေဒေသတစ်ခုတွင် အရပ်သားနှစ်ဦး သေဆုံးခဲ့ရကြောင်းအစ္စရေးစစ်ဘက်က သတင်းထုတ်ပြန်ထားသည်။အလီလာရီဂျာနီသည် အီရန်နိုင်ငံ၏ လုံခြုံရေးမူဝါဒများကို ရေးဆွဲချမှတ်ပေးသူဖြစ်သည့် အပြင် ကွယ်လွန်သူ အီရန်ခေါင်းဆောင်ဟောင်းအယာတိုလာခါမေနီ၏ အကြံပေး တစ်ဦးလည်းဖြစ်သည်။အယာတိုလာအလီခါမေနီကိုယ်တိုင်သည်လည်း အီရန်စစ်ပွဲစတင်သည့် ဖေဖော်ဝါရီ ၂၈ ရက်မှာပင် အမေရိကန်နှင့် အစ္စရေးတို့၏လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရပြီး ဖြစ်သည်။အလီလာရီဂျာနီသည် အယာတိုလာအလီခါမေနီနောက်ပိုင်း အမေရိကန်နှင့် အစ္စရေးတို့၏ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရသောရာထူးအာဏာအကြီးဆုံး အီရန် ခေါင်းဆောင်ဖြစ်သည်။လက်ရှိအချိန်တွင် သီတင်းသုံးပတ်အတွင်းဝင်ရောက်နေပြီဖြစ်သော အရှေ့အလယ်ပိုင်း စစ်ပွဲမှာဆက်လက်ပြင်းထန်နေဆဲဖြစ်ပြီး ရပ်တန့်မည့် အရိပ်အယောင် မရှိသေးပေ။တစ်ချိန်တည်းမှာပင် ကမ္ဘာ့ရေနံနှင့် သဘာ၀ဓာတ်ငွေ့ ထုတ်လုပ်မှု စုစုပေါင်း၏ ၂၀ ရာခိုင်နှုန်း ဖြတ်သန်းနေကြရသော ဟော်မုဇ်ရေလက်ကြားလမ်းကြောင်းမှာလည်း ပိတ်ဆို့ နေဆဲဖြစ်သည်။

news-view-count-icon

25