back

MNL၂၀၂၅-၂၆ ရာသီအတွက် သုံးစွဲခဲ့သည့် ငွေစာရင်းကို ပြင်ပစာရင်းစစ်များခေါ်ယူကာ စစ်ဆေးခံခဲ့ဟု MFF အသိပေးထုတ်ပြန်

Mar 19 • 2:28 AM

breaking-news

Myanmar

Local

breaking-news
cover

MNL၂၀၂၅-၂၆ ရာသီအတွက် သုံးစွဲခဲ့သည့် ငွေစာရင်းကို ပြင်ပစာရင်းစစ်များခေါ်ယူကာ စစ်ဆေးခံခဲ့ဟု MFF အသိပေးထုတ်ပြန်

မြန်မာနေရှင်နယ်လိဂ် ၂၀၂၅-၂၆ ရာသီအတွက် သုံးစွဲခဲ့သည့် ငွေစာရင်းကို ပြင်ပစာရင်းစစ်များခေါ် ယူကာ စစ်ဆေးခံခဲ့ကြောင်းမတ်လ(၁၈)ရက်တွင် မြန်မာနိုင်ငံဘောလုံအဖွဲ့ချုပ်(MF...

မြန်မာနေရှင်နယ်လိဂ် ၂၀၂၅-၂၆ ရာသီအတွက် သုံးစွဲခဲ့သည့် ငွေစာရင်းကို ပြင်ပစာရင်းစစ်များခေါ် ယူကာ စစ်ဆေးခံခဲ့ကြောင်းမတ်လ(၁၈)ရက်တွင် မြန်မာနိုင်ငံဘောလုံအဖွဲ့ချုပ်(MFF) က ငွေစာရင်းရှင်းတမ်းများနှင့်တကွ အသိပေးထုတ်ပြန်ကြေညာထားသည်။မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲကျင်းပရေးဌာနအနေဖြင့် MNL League Cup ပြိုင်ပွဲ၊ MNL-1, MNL-2, MNL U21 လိဂ်ပြိုင်ပွဲများနှင့် မြန်မာ အမျိုးသမီးလိဂ် ပြိုင်ပွဲများအပြင် MNL2 Promotion Amateur Club Tournamentကိုပါ တာဝန်ယူ ကျင်းပခဲ့ပြီး ပြိုင်ပွဲများ အောင်မြင်စွာ ကျင်းပရန်အတွက် ဝင်ငွေရှာဖွေခြင်းနှင့် စနစ်တကျ စီမံသုံးစွဲခြင်းပြုလုပ်ခဲ့သည်ဟု အသိပေးချက်တွင် ဖော်ပြထားသည်။အဆိုပါ လိဂ်ပြိုင်ပွဲများ ကျင်းပနိုင်ရန်အတွက် လိုအပ်သည့်ဝင်ငွေအား Main Sponsor ဖြစ်သည့် AYA Bank မှ ကျပ် နှစ်ဘီလီယံ၊ အခြား ပူးတွဲစပွန်ဆာများမှ ကျပ် ၁ ဒသမ ၂ ဘီလီယံ၊ အခြားအရပ်ရပ်ဝင် ငွေကျပ် ၀ ဒသမ ၈ ဘီလီယံရှိခဲ့ပြီး အသုံးစရိတ်အနေဖြင့် ကျပ် ၃ ဒသမ ၈ ဘီလီယံကျော် ရှိခဲ့ကြောင်း သိရသည်။မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲကျင်းပရေးဌာနမှ ငွေကြေးအဓိကသုံးစွဲရသော နေရာများမှာ ပြိုင်ပွဲကွင်းများ လိုအပ်သလိုပြုပြင်ခြင်းနှင့် ပြိုင်ပွဲကျင်းပရေးအထွေထွေ အသုံးပြုခြင်း၊ ကလပ်အသင်းများသို့ နှစ်စဉ် Subsidy ခွဲဝေပေးခြင်း၊ ပြိုင်ပွဲအလိုက် ဆုဖလား၊ ဆုတံဆိပ်နှင့် ဆုကြေးငွေများချီးမြှင့်ခြင်း၊ စီမံ/အုပ်ချုပ်ရေးလုပ်ငန်းများအတွက် သုံးစွဲခြင်းဖြစ်ကြောင်း သိရသည်။ယခုနှစ်အတွင်းကျင်းပခဲ့သည့် ပြိုင်ပွဲများမှာ *MNL League Cup (၅၂)ပွဲ ၊ MNL-1 League ပြိုင်ပွဲ(၁၃၂)ပွဲ ၊MNL2 League (၅၆)ပွဲ၊ MNL U21 League (၁၅၆)ပွဲ၊ Myanmar Women League (၇၂)ပွဲ၊ MNL2 Promotion Amateur Club Tournament (၃၈)ပွဲတို့ဖြစ်ကြောင်းဖော်ပြထားသည်။ ပြိုင်ပွဲကျင်းပခဲ့သည်ကစားကွင်းများမှာ သုဝဏ္ဏအားကစားကွင်း ၊YUSC အားကစားကွင်း၊ပုသိမ်ကျောက် တိုင်ကွင်း၊ သီဟဒီပအားကစားကွင်း၊ တောင်ကြီး ပြည်နယ်အားကစားကွင်း၊ပဒုမ္မာကွင်း၊ MFFလေ့ကျင့်ရေးကွင်း-၁ MFF မြက်ခင်းတုကွင်းတို့ဖြစ်ကြောင်း သိရသည်။

news-view-count-icon

32