တရုတ်နိုင်ငံက အီသီယိုးပီးယားနိုင်ငံရှိ သဘာဝဘေးဒဏ်သင့်ဒေသများရှိ ပြည်သူများအား တတ်စွမ်းသရွေ့ အကူအညီပေးရန်နှင့် နိုင်ငံ၏လိုအပ်ချက်များကို ထောက်ရှု၍ သဘာဝဘေးအန္တရာယ်အပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်များကို ပံ့ပိုးရန် ဆန္ဒရှိကြောင်း တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လျင်ကျန့်က မတ် ၁၇ ရက်၌ ပြောကြားခဲ့သည်။အီသီယိုးပီးယားနိုင်ငံတောင်ပိုင်းတွင် မကြာသေးမီက မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေပြိုမှုများ ဖြစ်ပွားခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိမှုနှင့် ပစ္စည်းဥစ္စာဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည်။ မြေပြိုမှုတွင် နိုင်ငံသား ၁၀၀ ကျော် အသက်ဆုံးရှုံးခဲ့ရကြောင်း သတင်းများ၌ ဖော်ပြထားသည်။
တရုတ်နိုင်ငံက အီသီယိုးပီးယားနိုင်ငံရှိ သဘာဝဘေးဒဏ်သင့်ဒေသများကို ကူညီရန် အသင့်ရှိဟု နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဆို
Mar 19 • 2:56 AM
China
Local News
Share
| 9 | 0 | 0 | 0 |


