အာဆင်နယ်အသင်းရဲ့ အင်္ဂလန်ကွင်းလယ်ကစားသမား ဒက်ကလန်ရိုက်စ်က ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ကွာတားဖိုင်နယ်တက်ရောက်နိုင်တဲ့အတွက် အလွန်ဂုဏ်ယူဝမ်းမြောက်ကြောင်း ပြောကြားခဲ့ပါတယ်။အာဆင်နယ်အသင်းဟာ ချန်ပီယံလိဂ်(၁၆)သင်းအဆင့်မှာ လေဗာကူဆင်အသင်းကို နှစ်ကျော့ပေါင်း (၃-၁)ဂိုးနဲ့ အနိုင်ယူကျော်ဖြတ်ပြီး ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်ခဲ့တာပါ။ဒက်ကလန်ရိုက်စ်က ဒုတိယအကျော့မှာ အာဆင်နယ်အသင်းအတွက် တစ်ဂိုးသွင်းယူခဲ့ပြီး ပွဲစဉ်အလိုက် အကောင်းဆုံးကစားသမားဆုလည်း ရရှိခဲ့ပါတယ်။''ကျွန်တော် အရမ်းဂုဏ်ယူပါတယ်။ ဒီလို စွမ်းဆောင်ရည်နဲ့အတူ နောက်ထပ် ကွာတားဖိုင်နယ် တက်ရောက်နိုင်တဲ့အတွက် တကယ်ပျော်ရွှင်ပါတယ်။ ဒါဟာ ကစားသမားတွေအတွက်ရော ကလပ်အသင်းတွက်ပါ ကြီးကျယ်ခမ်းနားတဲ့ညဖြစ်ပါတယ်။ ကျွန်တော်တို့ နိုင်ပွဲထပ်ရခဲ့ပြီးတဲ့နောက် ချန်ပီယံဆုရယူဖို့ ယုံကြည်မှုအပြည့် ဖြစ်လာပါတယ်'' လို့ ဒက်ကလန်ရိုက်စ်က ပြောကြားခဲ့ပါတယ်။အာဆင်နယ်အသင်းဟာ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်အဆင့်ကို (၃)ရာသီဆက်တက်ရောက်နိုင်ခြင်းဖြစ်သလို၊ ဖလားလေးလုံးလမ်းကြောင်းပေါ်မှာရှိနေပြီး ပြိုင်ပွဲလေးခုစလုံးမှာ ချန်ပီယံဆုအတွက် ရေပန်းအစားဆုံးအသင်းအဖြစ် သတ်မှတ်ခံထားရကြောင်းလည်း သိရပါတယ်။
ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ကွာတားဖိုင်နယ် တက်ရောက်နိုင်တဲ့အတွက် အလွန်ဂုဏ်ယူဝမ်းမြောက်ကြောင်း ဒက်ကလန်ရိုက်စ် ပြောကြား
Mar 19 • 1:39 AM
Myanmar
International
Share
| 14 | 0 | 0 | 0 |


