back

ထိုင်းနိုင်ငံ၊ကန်ချနဘူရီ၌ မြန်မာက ကျားဖြန့်စင်တာကို သွားဖို့စောင့်နေတဲ့ မြန်မာနိုင်ငံသား ၃ ဦးနဲ့ တရုတ်နိုင်ငံသား ၇ ဦးကို ဖမ်းမိ

Mar 19 • 1:25 AM

breaking-news

Thailand

Local News

cover

ထိုင်းနိုင်ငံ၊ကန်ချနဘူရီ၌ မြန်မာက ကျားဖြန့်စင်တာကို သွားဖို့စောင့်နေတဲ့ မြန်မာနိုင်ငံသား ၃ ဦးနဲ့ တရုတ်နိုင်ငံသား ၇ ဦးကို ဖမ်းမိ

ထိုင်းနိုင်ငံ၊ ကန်ချနာဘူရီခရိုင်မှာရှိတဲ့ ငှားရမ်းထားတဲ့ အိမ်တစ်လုံးကို လူဝင်မှုကြီးကြပ်ရေးရဲတပ်ဖွဲ့က ဗုဒ္ဓဟူးနေ့ (မတ်လ ၁၈ )မှာ ဝင်ရောက်စီးနင်းခဲ့ရာကနေ တရားမဝင်...

ထိုင်းနိုင်ငံ၊ ကန်ချနာဘူရီခရိုင်မှာရှိတဲ့ ငှားရမ်းထားတဲ့ အိမ်တစ်လုံးကို လူဝင်မှုကြီးကြပ်ရေးရဲတပ်ဖွဲ့က ဗုဒ္ဓဟူးနေ့ (မတ်လ ၁၈ )မှာ ဝင်ရောက်စီးနင်းခဲ့ရာကနေ တရားမဝင် ဝင်ရောက်လာတဲ့ တရုတ်နိုင်ငံသား ၇ ဦးနဲ့ မြန်မာနိုင်ငံသား ၃ ဦးတို့ကို ဖမ်းဆီးရမိခဲ့ပါတယ်။ အဲဒီဖမ်းဆီးခံရသူတွေဆီမှာ အထောက်အထားစာရွက်စာတမ်းတွေ မတွေ့ရှိရဘဲ တရားဝင် ဝင်ထွက်သွားလာထားတဲ့ မှတ်တမ်းတွေလည်း မရှိဘူးလို့ သိရပါတယ်။ဖမ်းဆီးခံရတဲ့ တရုတ်နိုင်ငံသားတွေဟာ ကမ္ဘောဒီးယားနိုင်ငံ၊ ပွိုင်ပက်မြို့မှာရှိတဲ့ အွန်လိုင်းငွေလိမ်လည်တဲ့ ဂိုဏ်းတွေမှာ အလုပ်လုပ်ကိုင်ခဲ့သူတွေ ဖြစ်တယ်လို့ ဝန်ခံထားပါတယ်။ ကမ္ဘောဒီးယားအာဏာပိုင်တွေရဲ့ နှိမ်နင်းမှုတွေကြောင့် အဲဒီကနေ ထွက်ပြေးလာကြပြီး ထိုင်းနိုင်ငံထဲကို ရောက်ဖို့အတွက် တောထဲမှာ ၃ ရက်ကြာ ပုန်းအောင်းကာ တရားမဝင်လမ်းကြောင်းတွေကနေ ဝင်ရောက်လာခဲ့ကြတာ ဖြစ်ပါတယ်။သူတို့ဟာ တရုတ်နဲ့ မြန်မာ အဆက်အသွယ်တွေရဲ့ အကူအညီနဲ့ ကားတွေအဆင့်ဆင့်ပြောင်းစီးကာ မြန်မာနယ်စပ် ဘုရားသုံးဆူမြို့မှာရှိတဲ့ ငွေလိမ်လည်တဲ့ စခန်းတွေဆီကို သွားရောက်ဖို့ စောင့်ဆိုင်းနေကြတာ ဖြစ်ပါတယ်။ အတူဖမ်းဆီးခံရတဲ့ မြန်မာ ၃ ဦးကတော့ ပွိုင်ပက်မှာ သူတို့ကို ကူညီပေးခဲ့တဲ့ အလုပ်သမားတွေဖြစ်ပြီး နေရပ်ပြန်ဖို့ စောင့်ဆိုင်းနေတာဖြစ်တယ်လို့ ထွက်ဆိုထားပါတယ်။အခုဖမ်းဆီးရမိသူ ၁၀ ဦးစလုံးကိုတော့ ဥပဒေအရ ဆက်လက်အရေးယူဖို့ ရဲတပ်ဖွဲ့ထံ လွှဲပြောင်းပေးအပ်ထားပါတယ်။

news-view-count-icon

23