ဘိုင်ယန်မြူးနစ်အသင်းမှာ ဒုတိယဂိုးသမား အာဘစ် လေ့ကျင့်မှုပြန်လုပ်နိုင်ပြီဖြစ်တာကြောင့် အတ္တလန်တာနဲ့ပွဲမှာ လူငယ်ဂိုးသမား ပရက်စကော့ ပွဲထွက်ကစားရဖွယ်မရှိတော့ကြောင်း သိရပါတယ်။ဘိုင်ယန်မြူးနစ်အသင်းမှာ နံပါတ်တစ် ဂိုးသမား နော်ယာက ကြွက်သားဒဏ်ရာကြောင့် အနားယူနေရပြီး ဒုတိယဂိုးသမား အာဘစ်ကလည်း အတ္တလန်တာနဲ့ ယှဉ်ပြိုင်ခဲ့တဲ့ ချန်ပီယံလိဂ်(၁၆)သင်းအဆင့် ပထမအကျော့ပွဲမှာ ဒဏ်ရာရခဲ့ပါတယ်။ဒါကြောင့် ပြီးခဲ့တဲ့ ဘွန်ဒစ်လီဂါပွဲမှာ တတိယဂိုးသမား အူးလ်ရစ်ချ်က ဂိုးပေါက်ကို တာဝန်ယူခဲ့ရပေမဲ့ ကြွက်သားဒဏ်ရာရခဲ့ပြန်တာကြောင့် ဘိုင်ယန်မြူးနစ်အသင်းအနေနဲ့ လူငယ်ဂိုးသမားကို နေရာပေးရမလို ဖြစ်လာခဲ့တာပါ။ဘိုင်ယန်မြူးနစ်အသင်းမှာ ဂိုးသမား(၄)ဦးရှိပေမဲ့ စတုတ္ထဂိုးသမား ကလာနက်ကလည်း ဒီဇင်ဘာလကတည်းက နားနေရတာကြောင့် အခုနောက်ပိုင်းပွဲတွေမှာ ဘိုင်ယန်မြူးနစ်ယူ-၁၉ အသင်းရဲ့ဂိုးသမားဖြစ်တဲ့ အသက်(၁၆)နှစ်အရွယ် ပရက်စကော့ကို အသင်းရဲ့လူစာရင်းထဲ ထည့်သွင်းထားရပါတယ်။စီနီယာဂိုးသမားတွေ တစ်ဦးပြီးတစ်ဦး ဒဏ်ရာပြဿနာနဲ့ ရင်ဆိုင်ခဲ့ရတာကြောင့် ဒီနေ့ည ယှဉ်ပြိုင်ရမယ့် အတ္တလန်တာနဲ့ ဒုတိယအကျော့ပွဲမှာ ပရက်စကော့ ပွဲထွက်ကစားရဖွယ်ရှိကြောင်း အစောပိုင်းက သတင်းထွက်ခဲ့ပေမဲ့ အာဘစ်က မနေ့က လေ့ကျင့်မှုပြန်လုပ်နိုင်ခဲ့ကြောင်း သိရပါတယ်။
ဂိုးသမား အာဘစ် လေ့ကျင့်မှုပြန်လုပ်နိုင်တာကြောင့် အတ္တလန်တာနဲ့ပွဲမှာ လူငယ်ဂိုးသမား ပရက်စကော့ ပွဲထွက်ရဖွယ်မရှိတော့
Mar 19 • 1:24 AM
Myanmar
International
Share
| 10 | 0 | 0 | 0 |


