မြန်မာကျောင်းသားများအတွက် Fulbright ပညာတော်သင်ဆုကို ပြန်လည် ခေါ်ယူတော့မည်ဖြစ်ကြောင်း ရန်ကုန်မြို့ရှိ အမေရိကန်သံရုံးမှ ယမန်နေ့၌ ထုတ်ပြန်ခဲ့ပါသည်။ယခုခေါ်ယူမည့် ပညာသင်ဆုမှာ ၂၀၂၇- ၂၀၂၈ ခုနှစ်ပညာသင်နှစ်အတွက် ခေါ်ယူခြင်းဖြစ်ပြီး မေ ၁ ရက် နောက်ဆုံးထား လျှောက်ထားရမည်ဖြစ်ကာ Fulbright ပညာတော်သင်ဆုရရှိသည့် မြန်မာကျောင်းသား/ကျောင်းသူများကို အမေရိကန်အစိုးရက ကျောင်းစရိတ်အပါအဝင် ကုန်ကျစရိတ် အပြည့်အဝ ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။လျှောက်ထားသူမှာ အမေရိကန်တက္ကသိုလ်မှ ဘွဲ့ရရှိထားသူ သို့မဟုတ် အမေရိကန်ဘွဲ့အစီအစဉ်တွင် လက်ရှိ တက်ရောက်နေသူ မဖြစ်ရကြောင်း ပါရှိပြီး ပညာသင်ဆုပြီးဆုံးပါက မြန်မာနိုင်ငံသို့ ပြန်လာရန် ကတိပြုရမည်ဖြစ်သည်။Fulbright ပညာသင်ဆု အစီအစဉ်ကို မြန်မာထူးချွန်ကျောင်းသားများအတွက် ၁၉၄၈ ခုနှစ်ကတည်းက ပေးအပ်ခဲ့ခြင်းဖြစ်ပြီး၂၀၂၅ ဇွန်လတွင် အမေရိကန်အစိုးရက မြန်မာအပါအဝင် နိုင်ငံပေါင်း ၁၂ နိုင်ငံကို ခရီးသွားလာခွင့်/ပြည်ဝင်ခွင့်ပိတ်ပင်သည့်အမိန့်ထုတ်ပြီးနောက် ယင်းပညာသင်ဆုအစီအစဉ်မှာလည်း ရပ်နားသွားခဲ့ခြင်း ဖြစ်သည်။
Mar 19 • 1:23 AM
Myanmar
Local
Share
| 69 | 0 | 0 | 0 |


