back

ရန်ကုန်-ဒလတံတားဖွင့်ပြီးနောက်ပိုင်း သဗ္ဗာန်စီးသူ ထက်ဝက်ကျဆင်းခဲ့

Mar 19 • 1:23 AM

breaking-news

Myanmar

Yangon

cover

ရန်ကုန်-ဒလတံတားဖွင့်ပြီးနောက်ပိုင်း သဗ္ဗာန်စီးသူ ထက်ဝက်ကျဆင်းခဲ့

ရန်ကုန် - ဒလ မြစ်ကူးတံတားဖွင့်ပြီးနောက်ပိုင်း သဗ္ဗာန်စီးသူ ဦးရေမှာ ထက်ဝက်ကျော်ကျဆင်းခဲ့ကြောင်း သဗ္ဗာန်သမားများ၏ ပြောပြချက်အရ သိရသည်။ယခင်က ရန်ကုန်နှင့် ဒလမြို့နယ...

ရန်ကုန် - ဒလ မြစ်ကူးတံတားဖွင့်ပြီးနောက်ပိုင်း သဗ္ဗာန်စီးသူ ဦးရေမှာ ထက်ဝက်ကျော်ကျဆင်းခဲ့ကြောင်း သဗ္ဗာန်သမားများ၏ ပြောပြချက်အရ သိရသည်။ယခင်က ရန်ကုန်နှင့် ဒလမြို့နယ်အကြား သွားလာရေးအတွက် သဗ္ဗာန်သည် အဓိကအသုံးပြုလာကြသော်လည်း တံတားဖွင့်ပြီးနောက် YBS ယာဉ်များဖြင့် အလွယ်တကူ သွားလာနိုင်လာခြင်းကြောင့် သဗ္ဗာန်လိုင်းများတွင် ခရီးသည် လျော့နည်းသွားခြင်း ဖြစ်သည်။သဗ္ဗာန်လုပ်ငန်းကို အဓိအသက်မွေးဝမ်းကျောင်းအဖြစ် မူတည်နေသူများအတွက် ယခုကဲ့သို့ ဝင်ငွေကျဆင်းမှုသည် မိသားစုဘဝအပေါ် ထိခိုက်မှုများ ဖြစ်ပေါ်စေကြောင်း သိရသည်။ အချို့သော သဗ္ဗာန်သမားများမှာ လုပ်ငန်းပြောင်းလဲရန် စဉ်းစားနေကြပြီး အခြားအလုပ်အကိုင်များ ရှာဖွေရန် ကြိုးပမ်းနေကြသည်။ဒေသခံအချို့ကတော့ တံတားဖွင့်လှစ်ခြင်းကြောင့် သွားလာရေး အဆင်ပြေလာခြင်းကို ကြိုဆိုကြသော်လည်း သဗ္ဗာန်လုပ်ငန်းလုပ်ကိုင်သူများအတွက် ထောက်ပံ့မှုများ လိုအပ်နေကြောင်း ထောက်ပြကြသည်။

news-view-count-icon

13