back

မြန်မာ့ကော်ဖီစိုက်ပျိုးထုတ်လုပ်မှု၌ ရင်းနှီးမြှုပ်နှံရန် နိုင်ငံအချို့ စိတ်ဝင်စားနေ

Mar 19 • 1:16 AM

breaking-news

Myanmar

Local

cover

မြန်မာ့ကော်ဖီစိုက်ပျိုးထုတ်လုပ်မှု၌ ရင်းနှီးမြှုပ်နှံရန် နိုင်ငံအချို့ စိတ်ဝင်စားနေ

မြန်မာနိုင်ငံမှာ ကော်ဖီစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချဖို့အတွက် အလားအလာကောင်းတွေရှိတာကြောင့် ရင်းနှီးမြှုပ်နှံဖို့အတွက် နိုင်ငံတချို့က စိတ်ဝင်စားမှုရှိတယ်လို့...

မြန်မာနိုင်ငံမှာ ကော်ဖီစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချဖို့အတွက် အလားအလာကောင်းတွေရှိတာကြောင့် ရင်းနှီးမြှုပ်နှံဖို့အတွက် နိုင်ငံတချို့က စိတ်ဝင်စားမှုရှိတယ်လို့ မြန်မာနိုင်ငံကော်ဖီအသင်းဥက္ကဋ္ဌ ဦးမျိုးအေးက ပြောပါတယ်။လတ်တလောမှာ မြန်မာ့ကော်ဖီအစိုကို ပြည်တွင်းလုပ်ငန်းရှင်တွေနဲ့ ဒေသခံတောင်သူတွေက အများဆုံး စိုက်ပျိုး ထုတ်လုပ်ပြီး တစ်နှစ်ကို ကုန်းမြင့်နဲ့ကုန်းနိမ့်ကော်ဖီတန်ချိန် တစ်သောင်းလောက် ထွက်ရှိတယ်လို့ သိရပါတယ်။ပြည်တွင်းကထုတ်လုပ်တဲ့ ကော်ဖီ ၅၀ ရာခိုင်နှုန်းခန့်ကို ပြည်ပကို တင်ပို့နေပြီး တရုတ်နဲ့ထိုင်းနိုင်ငံကို အများဆုံး တင်ပို့နေကာ အထူးတန်းဝင်ကော်ဖီတွေကို အမေရိကန်၊ ဥရောပ၊ ယူအေအီး၊ ဂျပန်နဲ့ ကိုရီးယားနိုင်ငံတွေဆီ အနည်းငယ် တင်ပို့နေတယ်လို့ သိရပါတယ်။

news-view-count-icon

16