စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးမြို့နယ်တွင် ၂၀၂၅ -၂၀၂၆ ပညာ သင်နှစ် တက္ကသို လ်ဝင်တန်းစာမေးပွဲကို မတ်လ (၁၁)ရက်မှ (၁၇)ရက်အထိ ပျက်ကွက်သူမရှိ ဖြေဆိုပြီးခဲ့ကြောင်း သိရသည်။တစ်ရက် (၁)ဘာသာဖြင့် (၁၁)ရက်တွင် မြန်မာစာဘာသာကိုစတင်ဖြေဆိုခဲ့ကြပြီး မတ်လ (၁၇)ရက်တွင် ဘောဂဗေဒဘာသာရပ်ကို ဖြေဆိုလျက် အထူးပြုဘာသာရပ်မရှိ ဘာသာစုံအောင်မြင်စွာဖြေပြီးမြောက်ခဲ့ကြောင်း သိရသည်။လေရှီးမြို့နယ်တွင် အခြေခံပညာအထက်တန်း ကျောင်း (၅) ကျောင်း၊ အထကခွဲကျောင်း(၁)ကျောင်းရှိပြီး အဆိုပါကျော င်းများမှ STEAMS-1 ကျောင်းသား/သူ (၂၄)ဦး၊ STEAMS -2 ကျောင်းသား /သူ (၄၉)ဦး၊ STAMS-1 ကျောင်းသား/သူ (၂၀၃)ဦး စုစုပေါင်း (၂၇၆) ဦး ပျက်ကွက်မရှိ အောင်မြင်စွာ စာမေးပွဲဖြေဆိုခဲ့ကြခြင်းဖြစ်သည်။



