စင်ကာပူနိုင်ငံရဲ့ အဓိက ဆက်သွယ်ရေးအော်ပရေတာတစ်ခုဖြစ်တဲ့ Singtel အသုံးပြုသူအချို့ဟာ မတ်လ ၁၈ ရက် ဗုဒ္ဓဟူးနေ့မှာလည်း ဖုန်းလိုင်းနဲ့ အင်တာနက် ဝန်ဆောင်မှုပိုင်းဆိုင်ရာ အခက်အခဲတွေနဲ့ ထပ်မံကြုံတွေ့နေရပါတယ်။ ဒါဟာ Singtel သုံးစွဲသူတွေအတွက် သုံးရက်ဆက်တိုက် ဝန်ဆောင်မှု ပြတ်တောက်မှု ဖြစ်ပွားနေတာလည်း ဖြစ်ပါတယ်။ ဝန်ဆောင်မှုအခြေအနေတွေကို စောင့်ကြည့်ဖော်ပြပေးတဲ့ Downdetector ဝဘ်ဆိုက်ရဲ့ အဆိုအရ ဒီကနေ့ ညနေ ၆ နာရီ ၁၈ မိနစ်ခန့်အထိ Singtel လိုင်းမရကြောင်း တိုင်ကြားမှုပေါင်း ၅၀၀ ကျော် ရှိခဲ့ပါတယ်။ Singtel ဘက်ကတော့ ဒီဖြစ်စဉ်ဟာ ဆိုင်ဘာတိုက်ခိုက်မှု (Cyber-related event) ကြောင့် ဖြစ်တယ်ဆိုတဲ့ အထောက်အထား မတွေ့ရသေးကြောင်း အစောပိုင်းက ထုတ်ပြန်ထားပါသည်။



