back

စင်ကာပူတွင် ကားတိုက်မှုဖြစ်ပွားပြီး အမျိုးသမီးတစ်ဦး သေဆုံး

Mar 18 • 3:43 PM

breaking-news

Singapore

Local News

cover

စင်ကာပူတွင် ကားတိုက်မှုဖြစ်ပွားပြီး အမျိုးသမီးတစ်ဦး သေဆုံး

စင်ကာပူနိုင်ငံ၊ Bencoolen Street မှာ မတ်လ ၁၇ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ ကားတိုက်မှုတစ်ခုကြောင့် အသက် ၆၆ နှစ်အရွယ် အမျိုးသမီး လမ်းသွားလမ်းလာတစ်ဦး သေဆုံးသွားခဲ့ပါတယ်။...

စင်ကာပူနိုင်ငံ၊ Bencoolen Street မှာ မတ်လ ၁၇ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ ကားတိုက်မှုတစ်ခုကြောင့် အသက် ၆၆ နှစ်အရွယ် အမျိုးသမီး လမ်းသွားလမ်းလာတစ်ဦး သေဆုံးသွားခဲ့ပါတယ်။ အသက် ၅၅ နှစ်အရွယ် ကားမောင်းသူ အမျိုးသားကိုတော့ ပေါ့ဆစွာမောင်းနှင်မှုကြောင့် လူသေဆုံးစေခဲ့တဲ့ စွဲချက်နဲ့ ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပြီ ဖြစ်ပါတယ်‌။ ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး သေဆုံးသူရဲ့ သမီးဖြစ်သူက Stomp သို့ ပြောပြရာမှာ "လမ်းကူးဖို့ စောင့်နေရင်းနဲ့တောင် ကားတိုက်ခံရနိုင်တယ်ဆိုတာကို လူတွေ သတိထားမိအောင် ပြောပြချင်ပါတယ်" လို့ ဆိုပါတယ်‌။ အဆိုပါ အမျိုးသမီးဟာ ဆေးရုံသို့ ပို့ဆောင်စဉ်မှာ သတိလစ်မေ့မြောနေခဲ့ပြီး နောက်ပိုင်းမှာတော့ ရရှိထားတဲ့ ဒဏ်ရာတွေနဲ့ သေဆုံးသွားခဲ့တာ ဖြစ်ပါတယ်‌။ လက်ရှိမှာတော့ ရဲတပ်ဖွဲ့က ဒီမတော်တဆမှုနဲ့ ပတ်သက်ပြီး အသေးစိတ် စုံစမ်းစစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်နေပါတယ်‌။




news-view-count-icon

2