ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ဆုံးဖြတ်ချက်အရ ယခုနှစ်သင်္ကြန်ပွဲတော်တွင် ဝန်ကြီး ဌာနမဏ္ဍပ်များ ဖွင့်လှစ်ခြင်း၊ စတုဒီသာကျွေးမွေးခြင်း၊ ယိမ်းပြိုင်ပွဲများ ကျင်းပခြင်းနှင့် လူအများပါဝင်နိုင်သော လမ်းလျှောက်သင်္ကြန်ပွဲများကို စည်ကားစေရန် စီစဉ်ထားကြောင်းသိရသည်။ ယခုကဲ့သို့ သင်္ကြန်ပွဲတော်ကို စည်ကားစွာ ပြန်လည်ကျင်းပရန် ပြင်ဆင်နေခြင်းမှာ နိုင်ငံရေးအခြေအနေတင်းမာနေဆဲကာလအတွင်း အများပြည်သူ၏ အာရုံစိုက်မှုကို လွှဲပြောင်းရန် ကြိုးပမ်းမှုတစ်ရပ် ဖြစ်နိုင်ကြောင်း ဒေသတွင်း လေ့လာသူများက သုံးသပ်နေကြသည်။ထို့အပြင် အင်းလေးကန်တွင်လည်း ရေပေါ်သင်္ကြန်ပွဲကို ပြန်လည်ကျင်းပရန် စီစဉ်ထားပြီး ယခင်နှစ်များထက် ပိုမိုစည်ကားလာနိုင်ကြောင်း ခန့်မှန်းထားသည်။



