back

ရန်ကုန်တိုင်းဒေသကြီးအတွင်း အမှတ်(၂၄)အကြီးစားစက်ရုံ (ဒဂုံ)ရှိ မြေလွတ်များအား ပြည်တွင်း/ ပြည်ပကုမ္ပဏီများသို့ ၅ နှစ် ငှားရမ်းမည်

Mar 18 • 2:58 PM

breaking-news

Myanmar

Yangon

cover

ရန်ကုန်တိုင်းဒေသကြီးအတွင်း အမှတ်(၂၄)အကြီးစားစက်ရုံ (ဒဂုံ)ရှိ မြေလွတ်များအား ပြည်တွင်း/ ပြည်ပကုမ္ပဏီများသို့ ၅ နှစ် ငှားရမ်းမည်

တင်ဒါ အမှတ်စဉ် (၁) အရ ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဒဂုံမြို့နယ်၊ စက်မှုဇုန်(၁)၊ (၂၃)ရပ်ကွက်၊ မိုးကုတ်လမ်း၊ မြေကွက်အမှတ်(၅၁၃ A)ရှိ မြေလွတ်ဧရိယာ ၀ ဒသမ ၆၉ ဧက ကိုလည်း...

တင်ဒါ အမှတ်စဉ် (၁) အရ ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဒဂုံမြို့နယ်၊ စက်မှုဇုန်(၁)၊ (၂၃)ရပ်ကွက်၊ မိုးကုတ်လမ်း၊ မြေကွက်အမှတ်(၅၁၃ A)ရှိ မြေလွတ်ဧရိယာ ၀ ဒသမ ၆၉ ဧက ကိုလည်းကောင်း၊ တင်ဒါ အမှတ်စဉ်(၂) အရ အဆိုပါ မြေကွက်ရှိ မြေလွတ်ဧရိယာ ၀ ဒသမ ၇၀ ဧကကို လည်းကောင်း ငှားရမ်းသွားမှာဖြစ်တယ်လို့ သိရပါတယ်။ အဆိုပြုလွှာဝယ်ယူသူများမှာ မိမိတို့ ကြိုက်နှစ်သက်ရာ တင်ဒါအမှတ်စဉ်အား အဆို ပြုလွှာပုံစံရွေးချယ်ဝယ်ယူကာ တင်သွင်းနိုင်တယ်လို့လည်း သိရပါတယ်။ထို့ကြောင့်ရင်းနှီးမြှုပ်နှံမှု ဆောင်ရွက်လိုသော ပြည်တွင်း/ပြည်ပ ကုမ္ပဏီများအနေဖြင့် မိမိတို့၏ တင်ဒါတင်သွင်းလွှာကို စက်မှုဝန်ကြီးဌာန၊ အမှတ် (၂) အကြီးစားစက်မှုလုပ်ငန်း၊ စီမံရေးဌာန၊ ရုံးအမှတ် (၄၁)၊ နေပြည်တော်သို့ လိပ်မူ၍ မတ် ၃၁ ရက်နောက်ဆုံးထားကာ အရောက်ပေးပို့တင်ပြရမှာဖြစ်တယ်လို့လည်း သိရပါတယ်။  

 


news-view-count-icon

12