back

စတော်ဘယ်ရီစျေးကွက် ကျဆင်းသဖြင့် အလကား လာခူးရန်ပင် တောင်သူများ ခေါ်နေရ

Mar 18 • 2:57 PM

breaking-news

Myanmar

Shan

cover

စတော်ဘယ်ရီစျေးကွက် ကျဆင်းသဖြင့် အလကား လာခူးရန်ပင် တောင်သူများ ခေါ်နေရ

ရှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးနှင့် တောင်ကြီးဒေသများတွင် စတော်ဘယ်ရီသီး စျေးကွက်ကျဆင်းမှုကြောင့် တောင်သူများ အခက် အခဲများ ကြုံတွေ့နေရပြီး အချို့စိုက်ခင်းများတွင် ...

ရှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးနှင့် တောင်ကြီးဒေသများတွင် စတော်ဘယ်ရီသီး စျေးကွက်ကျဆင်းမှုကြောင့် တောင်သူများ အခက် အခဲများ ကြုံတွေ့နေရပြီး အချို့စိုက်ခင်းများတွင် အလကားခူးယူ စားသုံးရန်ပင် ဖိတ်ခေါ်နေရကြောင်း ဒေသခံများထံမှ သိရသည်။လက်ရှိတွင် တစ်ပုံးလျှင် ကျပ် ၃ ထောင် ဝန်းကျင်သာ ရရှိနေပြီး စိုက်ပျိုးစရိတ်များကို မကာနိုင်သည့်အခြေအနေဖြစ်နေကြောင်း ဒေသခံများက ပြောသည်။ယင်းကဲ့သို့ စျေးကွက် မရှိခြင်းကြောင့် စတော်ဘယ်ရီသီးများ ပျက်စီးဆုံးရှုံးမည့်အစား အလကား လာရောက်ခူးစားကြရန် အချို့တောင်သူများက ဖိတ်ခေါ်နေရခြင်း ဖြစ်ကြောင်း သိရသည်။စတော်ဘယ်ရီသီးများကို ကုန်ချောအဖြစ် ပြောင်းလဲထုတ်လုပ်နိုင်ပါက ဆုံးရှုံးမှု လျှော့ချနိုင်မည်ဟုလည်း တောင်သူများက မျှော်လင့်ကြပြီး ဥပမာအားဖြင့် ယို၊ သကြားပြုတ်သီး၊ ဖျော်ရည် သို့မဟုတ် အသီးခြောက်အဖြစ် ပြောင်းလဲထုတ်လုပ်နိုင်ပါက စျေးကွက်အသစ်များ ဖန်တီးနိုင်မည်ဟု ဆိုကြသည်။




news-view-count-icon

12