မကွေးမြို့မှာ ချမ်းမြေ့သာယာဝန်ထမ်းအိမ်ရာစခန်း၊ ပြည်တော်သာဝန်ထမ်းအိမ်ရာစခန်း၊ ဆားရွှေကင်း ဝန်ထမ်း အိမ်ရာစခန်း သုံခု ဖွင့်လှစ်ထားတာပါ။ အဲဒီအိမ်ရာသုံးခုမှာ အိမ်ခန်းပေါင်း (၆၇၈) ခန်းရှိပြီး (၂၀၂၂)ခုနှစ် စက်တင် ဘာလကစတင်ကာ အိမ်ခန်းငှားခ ကောက်ခံတာ မရှိတော့ပါဘူး။ မကွေးတိုင်းဒေသကြီးကို လာရောက်တာဝန် ထမ်းဆောင်ကြတဲ့ နိုင်ငံ့ဝန်ထမ်းတွေအနေနဲ့ နေထိုင်ရေး အဆင်ပြေကြတာကြောင့် တာဝန်တွေကို စိတ်အေး ချမ်းသာယာစွာ ထမ်းဆောင်နိုင်ကြတယ်လို့ မကွေးတိုင်းဒေသကြီး မြိုပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန က ပြောပါတယ်။နိုင်ငံ့ဝန်ထမ်းအိမ်ရာတွေဟာ ဝန်းထမ်းတွေအတွက် နေထိုင်ရေး၊ စီးပွားရေး၊ လှုမှုရေး၊ အလုပ်လုပ်နိုင်စွမ်းတွေကို တိုးတက်စေတဲ့ အရေးပါတဲ့အခြေခံလိုအပ်ချက်ဖြစ်တယ်လို့ ဆိုပါတယ်။ မကွေးတိုင်းဒေသကြီး ဝန်ထမ်းအိမ်ရာ ကော်မတီက ဝန်ထမ်းတွေရဲ့လိုအပ်ချက်ကို စနစ်တကျစိစစ်ရွေးချယ်ပြီး လစဉ်အိမ်ခန်းလစ်လပ်မှုအပေါ်မှုတည် ကာ ဆောင်ရွက်ပေးနေတယ်လို့ သိရပါတယ်။



