back

မလေးရှားတွင် အသက် ၉၁ နှစ်အရွယ် အဘွားနှင့် ၆၇ နှစ်အရွယ် အဘိုးတို့ လက်ထပ်ထိမ်းမြား

Mar 18 • 3:45 PM

breaking-news

Malaysia

Local

cover

မလေးရှားတွင် အသက် ၉၁ နှစ်အရွယ် အဘွားနှင့် ၆၇ နှစ်အရွယ် အဘိုးတို့ လက်ထပ်ထိမ်းမြား

မလေးရှားနိုင်ငံ၊ ပီနန်းမြို့ရှိ ဘိုးဘွားရိပ်သာတစ်ခုမှာ ကြည်နူးစရာကောင်းတဲ့ မင်္ဂလာပွဲလေးတစ်ခု မတ်လ ၁၇ ရက်နေ့က ကျင်းပခဲ့ပါတယ်‌။ သက်တူရွယ်တူ မိတ်ဆွေတွေနဲ့ ဆွေမျို...

မလေးရှားနိုင်ငံ၊ ပီနန်းမြို့ရှိ ဘိုးဘွားရိပ်သာတစ်ခုမှာ ကြည်နူးစရာကောင်းတဲ့ မင်္ဂလာပွဲလေးတစ်ခု မတ်လ ၁၇ ရက်နေ့က ကျင်းပခဲ့ပါတယ်‌။ သက်တူရွယ်တူ မိတ်ဆွေတွေနဲ့ ဆွေမျိုးသားချင်းတွေ ရှေ့မှောက်မှာ အသက် ၉၁ နှစ်အရွယ် အဘွား Hu Ruirong နဲ့ အသက် ၆၇ နှစ်အရွယ် အဘိုး Wu Caixing တို့ဟာ ရိုးရှင်းသော်လည်း အဓိပ္ပာယ်ရှိတဲ့ လက်ထပ်မင်္ဂလာပွဲကို ဆင်ယင်ကျင်းပခဲ့ကြတာ ဖြစ်ပါတယ်‌။ ဒီအဘိုးနဲ့ အဘွားတို့ဟာ သိကျွမ်းခဲ့တာ ၃ လပဲ ရှိသေကြောင်း သိရသည်။ လက်ရှိမှာတော့ အဘိုးနဲ့ အဘွားတို့ဟာ ရိပ်သာအတွင်းမှာရှိတဲ့ အခန်းတစ်ခုတည်းမှာ ဇနီးမောင်နှံအဖြစ် ပျော်ရွှင်စွာ အတူတူနေထိုင်နေကြပြီ ဖြစ်သည်။



news-view-count-icon

2