back

စက်သုံးဆီ ရှားပါးမှုကြောင့် ထိုင်းငါးဖမ်းလှေ အစီးရေ ၄,၀၀၀ ကျော် ရပ်နားရနိုင်

Mar 18 • 1:51 PM

breaking-news

Thailand

Local News

cover

စက်သုံးဆီ ရှားပါးမှုကြောင့် ထိုင်းငါးဖမ်းလှေ အစီးရေ ၄,၀၀၀ ကျော် ရပ်နားရနိုင်

စမွတ်ဆုန်ခလမ်းခရိုင်မှာဆိုရင် ငါးဖမ်းလှေ ၂ စီးအတွက် တနေ့ကို ဒီဇယ်ဆီ ၁,၆၀၀ လီတာ အသုံးပြုရပြီး လှေတခေါက်ထွက်ရင် လီတာ ၂၀,၀၀၀ ကုန်တယ်၊ ငါးဖမ်းလှေမှာ ထည့်တဲ့ ဒီဇယ်ဆီ...

စမွတ်ဆုန်ခလမ်းခရိုင်မှာဆိုရင် ငါးဖမ်းလှေ ၂ စီးအတွက် တနေ့ကို ဒီဇယ်ဆီ ၁,၆၀၀ လီတာ အသုံးပြုရပြီး လှေတခေါက်ထွက်ရင် လီတာ ၂၀,၀၀၀ ကုန်တယ်၊ ငါးဖမ်းလှေမှာ ထည့်တဲ့ ဒီဇယ်ဆီဈေးမှာ အရင်က တလီတာကို ၁၉ ဘတ် မှ ၂၀ ဘတ်ခန့်သာဈေးရှိပြီး ခုသီတင်းပတ်အတွင်း ဘတ် ၃၀ မှ ၃၅ ဘတ်ထိ ဈေးတက်လာတယ်၊ အရင်းအနှီးများတာကြောင့် ငါးဖမ်းလှေ ရပ်နားထားတာ ၁၂ ရက်ရှိပြီလို့ ရေလုပ်ငန်းရှင်တယောက်က သတင်းထောက်ကို ပြောပါတယ်။ အလားတူ စမွတ်ဆုန်ခလမ်းခရိုင် မဲ့ကုံးမြို့ရှိ ရေလုပ်ငန်းရှင်တယောက်ကလည်း ဒီဇယ်ဆီ ဈေးတက်လို့ ငါးဖမ်းလှေ မထွက်နိုင်သေးပေမဲ့ မိမိရဲ့အလုပ်သမားတွေ စားဝတ်နေရေးအတွက်တော့ ထောက်ပံ့ပေးနေတယ်၊ ရွှေ့ပြောင်းနဲ့ ထိုင်းလုပ်သား ၁၅ ယောက်ရဲ့ လစာအတွက်တော့ ထုတ်ပေးရမယ်လို့ ပြောပါတယ်။ ထိုင်းတောင်ပိုင်း ကရပီခရိုင် ပင်လယ်စာဈေးထဲက ဈေးသည်တွေကလည်း လတ်တလော ငါးဖမ်းလှေတွေ ရပ်နားထားကြလို့ ငါး၊ ပုစွန်၊ ရေဘဝဲ အစရှိတဲ့ ပင်လယ်စာတွေ လိုသလောက် ဝယ်လို့မရတော့ဘူး၊ အဝယ်ဒိုင် ဈေးနှုန်းကလည်း ရေသတ္တဝါအမျိုးအစားအလိုက် တကီလိုကို ဘတ် ၂၀ မှ ၁၀၀ ထိ တက်သွားပေမဲ့ သူတို့ဈေးသည်တွေကတော့ ဖောက်သည်ပျက်မှာစိုးလို့ ဈေးမတက်သေးဘူး၊ ရေရှည်မှာတော့ မတက်လို့မဖြစ်တော့ဘူးလို့ ချန်နယ်လ် ၇ ထိုင်း သတင်းထောက်ကို ပြောပါတယ်။ ဆုန်ခလာခရိုင် ငါးဖမ်းလှေများအသင်းကတော့ လာမဲ့ မတ် ၂၈ ရက်ကျရင် ထိုင်းဒုဝန်ကြီးချုပ် နိုင်းဖိဖတ် ရာ့ချ်ကစ်ပကန်ထံ ဒီပြဿနာတွေ ဖြေရှင်းပေးဖို့ ဘန်ကောက်သွားပြီး တောင်းဆိုဖို့ရှိတယ်လို့ အသင်းတာဝန်ရှိသူတယောက်က သတင်းထောက်ကို ပြောပါတယ်။ 





news-view-count-icon

9