ယနေ့မတ်လ၁၈ရက်နေ့ရက်စွဲဖြင့်မြန်မာနိုင်ငံဟာသပညာရှင်များအစည်းအရုံး(ဗဟို)မှ ဟာသ အနုပညာရှင်များနှင့် ဝါသနာရှင်များ မြန်မာ့ယဉ်ကျေးမှုနှင့် ဖီလာဆန့်ကျင်သော အပြုအမူအပြောအဆိုများ မပြုလုပ်ရန် သဘောထားကြေညာချက်တစ်စောင်ထုတ်ပြန်ထားပါတယ်။ မြန်မာနိုင်ငံဟာသပညာရှင်များအစည်းအရုံး(ဗဟို)မှ ဟာသပညာကိုတန်ဖိုးထားတတ်စေရန် အဓိက ရည်ရွယ်၍ နယ်ပယ်အသီးသီးမှ ဟာသပညာဖြင့် အသက်မွေးဝမ်းကျောင်း ပြုနေသော အနုပညာရှင်များနှင့် ဝါသနာရှင်များအနေဖြင့် ဟာသရုပ်ရှင်/ဗီဒီယို၊ အငြိမ့်၊ ဟာသဇာတ်လမ်းတိုနှင့် Online မီဒီယာများပေါ် တွင် မြန်မာ့ယဉ်ကျေးမှုနှင့် ဖီလာဆန့်ကျင်သော အပြုအမူအပြောအဆိုများ မပြုလုပ်ရန် အသိပေးထားပါသည် ဟုဖော်ပြထားပါတယ်။ မြန်မာ့ယဉ်ကျေးမှုနှင့် ဖီလာဆန့်ကျင်သော အပြုအမှုအပြောအဆိုများ ပြုလုပ်သည်ကိုတွေ့ရှိခဲ့ပါက ကျွန်တော်များ မြန်မာနိုင်ငံဟာသပညာရှင်များအစည်းအရုံး(ဗဟို)သို့ သတင်းပို့တိုင်ကြားနိုင်ပါကြောင်းနှင့် အစည်းအရုံးအနေဖြင့် တိုင်ကြားမှုများအား သက်ဆိုင်ရာမှထုတ်ပြန်ထားသောတည်ဆဲဥပဒေများ၊ ညွှန်ကြားချက်များ နှင့်အညီ ညှိနှိုင်းအရေးယူဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းဖော်ပြထားပါတယ်။



