မန္တလေးမြို့၊ ၇၈ လမ်းပေါ်၊ ရထားသံလမ်းအကျော်အနီးမှာ မတ်လ ၁၇ ရက်နေ့ မနက်အစောပိုင်း ၆ နာရီအချိန်ခန့်က အမျိုးသားတစ်ဦး ကြိုးဆွဲချသေဆုံးနေကြောင်း မျက်မြင်ပြည်သူတစ်ဦးထံကနေ သိရပါတယ်။သေဆုံးသူမှာ အသက် ၃၀ ကျော်အရွယ် အမျိုးသားတစ်ဦးဖြစ်ပြီး မည်သည့်အကြောင်းရင်းကြောင့် မိမိကိုယ်ကို အဆုံးစီရင်သွားတာကိုတော့ အသေးစိတ် မသိရှိရသေးပါဘူး။



