back

ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်အတွင်းရှိ စားသောက်ဆိုင်များအား ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွက် အိတ်ဖွင့်တင်ဒါခေါ်ယူနေ

Mar 18 • 12:35 PM

breaking-news

Myanmar

Yangon

cover

ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်အတွင်းရှိ စားသောက်ဆိုင်များအား ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွက် အိတ်ဖွင့်တင်ဒါခေါ်ယူနေ

ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်ဝင်းအတွင်းရှိ စားသောက်ဆိုင်များအား လာမည့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွက် အိတ်ဖွင့်တင်ဒါခေါ်ယူထားကြောင်း အဆိုပါတက္ကသိုလ်၏ ဆိုင်ခန်းနေရာချ...

ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်ဝင်းအတွင်းရှိ စားသောက်ဆိုင်များအား လာမည့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွက် အိတ်ဖွင့်တင်ဒါခေါ်ယူထားကြောင်း အဆိုပါတက္ကသိုလ်၏ ဆိုင်ခန်းနေရာချထားရေးနှင့် ကြီးကြပ်ရေး ကော်မတီထံမှ သိရပါတယ်။အဆိုပါ တင်ဒါလျှောက်လွှာပုံစံများကို မတ်လ ၁၉ ရက်နေ့မှစ၍ စတင်ရောင်းချပေးသွား မည်ဖြစ်ပြီး လျှောက်လွှာများကို လာမည့် ဧပြီလ ၂ ရက်နေ့ နောက်ဆုံးထား၍ တင်သွင်းရမှာဖြစ်ကာ ဧပြီ ၃ ရက်နေ့၊ နံနက် ၁၀ နာရီတွင် တင်ဒါဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရပါတယ်။

ထို့ကြောင့် လုပ်ငန်းဆောင်ရွက်လိုသူများသည် အိတ်ဖွင့်တင်ဒါ တင်သွင်းပုံစံများကို တစ်စုံလျှင် ငွေကျပ် ၃၀၀၀ ဖြင့် ငွေလက်ခံဌာနတွင် ပေးသွင်း၍ ငွေသွင်းပြေစာမိတ္တူဖြင့် စာရင်းပြုဌာနရုံးခန်းတွင် အိတ်ဖွင့်တင်ဒါ လျှောက်လွှာ ပုံစံများရယူ၍ ဌာနမှူး (စီမံ/ဘဏ္ဍာ) ရုံးခန်းမှာ တင်ဒါတင်သွင်းနိုင်တယ်လို့ သိရပါတယ်။ 

 




news-view-count-icon

9