ရှမ်းပြည်နယ် တောင်ပိုင်း၊ တောင်ကြီးမြို့ရှိ ပြည်နယ်အားကစားကွင်းပတ်လည်ရှိ ဆိုင်ခန်းများကို ဆိုင်ခန်းပိုင်ရှင်များ၏ ကိုယ်ပိုင်အစီအစဉ်ဖြင့် ဖျက်သိမ်းခြင်းနှင့် ပြောင်းရွှေ့ခြင်းများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။လတ်တလောတွင် ဆိုင်ခန်းငှားခများ မြင့်တက်လာခြင်းကြောင့် စားသောက်ဆိုင်များနှင့် အသေးစားစီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် လုပ်ငန်းပြန်လည်စတင်လုပ်ကိုင်ရန် အခက်အခဲများ ကြုံတွေ့နေရသည်။သက်ဆိုင်ရာအာဏာပိုင်များ၏ညွှန်ကြားချက်အရ ပြည်နယ်အားကစားကွင်းပတ်လည်ရှိ လူနေတိုက်ခန်းများနှင့် ဆိုင်ခန်းများအား မတ်၂၀ ရက်နေ့ နောက်ဆုံးထား၍ ဖယ်ရှားပြောင်းရွှေ့ရမည်ဖြစ်ကြောင်း သိရှိရသည်။



