မြန်မာနိုင်ငံသည် နှစ်ပေါင်း ၂၀၀၀ ကျော် သက်တမ်းရှိသည့် သံတမန်ရေးရာ သမိုင်းကြောင်းနှင့်အတူ လက်ရှိတွင် ကမ္ဘာ့နိုင်ငံပေါင်း ၁၂၇ နိုင်ငံနှင့် သံတမန်အဆက်အသွယ် ထူထောင်ထားပြီး ပြည်ပနိုင်ငံများ၌ သံရုံးနှင့် ကောင်စစ်ဝန်ချုပ်ရုံး ၅၂ ရုံး ဖွင့်လှစ်ကာ လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေက (၇၉) နှစ်မြောက် ဝန်ကြီးဌာန နှစ်ပတ်လည်နေ့ အခမ်းအနားတွင် ပြောကြားခဲ့သည်။ နိုင်ငံတော်အနေဖြင့် ထိတွေ့ဆက်ဆံရေးနှင့် သဟဇာတဖြစ်ရေးကို အလေးထားသည့် သံတမန်နည်းလမ်း (Engagement and Harmony Oriented Diplomacy) ကို ကျင့်သုံးလျက်ရှိပြီး၊ ICJ ၌ ခုခံချေပခြင်း၊ အွန်လိုင်းလိမ်လည်မှုများကို Zero Tolerance Policy ဖြင့် နှိမ်နင်းခြင်းနှင့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် နိုင်ငံတကာစောင့်ကြည့်လေ့လာသူများ ဖိတ်ခေါ်ခြင်း စသည့် လုပ်ငန်းစဉ်များကို ထိရောက်စွာ ပူးပေါင်းဆောင်ရွက်နိုင်ခဲ့ကြောင်း ဝန်ကြီးက ထည့်သွင်းပြောကြားခဲ့သည်။
မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာ့နိုင်ငံ ၁၂၇ နိုင်ငံနှင့် သံတမန်ဆက်သွယ်ထားပြီး ပြည်ပ၌ သံရုံးနှင့် ကောင်စစ်ဝန်ချုပ်ရုံး ၅၂ ရုံး ဖွင့်လှစ်ထား
Mar 18 • 8:23 AM
Myanmar
Local
Share
| 19 | 0 | 0 | 0 |


