မွန်ပြည်နယ်အတွင်း စက်သုံးဆီပြတ်လပ်မှုနှင့် ဝယ်ယူရခက်ခဲမှုများကြောင့် ပြင်ပမှောင်ခိုဈေးကွက်တွင် စက်သုံးဆီတစ်လီတာလျှင် ကျပ် ၁၀,၀၀၀ မှ ၁၂,၀၀၀ အထိ ပေါက်ဈေးရှိနေကြောင်း ဒေသခံများထံမှ သိရသည်။ အီရန်စစ်ပွဲအခြေအနေနှင့်အတူ မတ်လဆန်းပိုင်းမှစတင်ကာ ဆီဆိုင်များတွင် အကန့်အသတ်ဖြင့်သာ ရောင်းချပေးခြင်း၊ အချိန်ကြာမြင့်စွာ တန်းစီရခြင်းနှင့် ယာဉ်နံပါတ် စုံ/မ စနစ်ဖြင့်သာ ရောင်းချခြင်းတို့ကြောင့် အခက်အခဲဖြစ်ပေါ်နေပြီး၊ ဆီဆိုင်အများစုတွင် ဝယ်ယူ၍မရတော့ဘဲ မှောင်ခိုဈေးဖြင့်သာ အားကိုးနေရသဖြင့် ကုန်ဈေးနှုန်းများပါ ထပ်မံမြင့်တက်လာမည်ကို ဒေသခံများ စိုးရိမ်နေကြသည်။ စစ်ကောင်စီက မွန်ပြည်နယ်အတွင်း ဓာတ်ဆီတစ်လီတာလျှင် ကျပ် ၃,၃၀၀ ကျော်မှ ၃,၅၀၀ ဝန်းကျင်သာ သတ်မှတ်ထားပြီး မြန်မာနိုင်ငံတွင် ရက် ၄၀ စာ အရန်ဆီရှိကြောင်း ပြောဆိုထားသော်လည်း မြေပြင်တွင်မူ အမှန်တကယ် ဝယ်ယူရခက်ခဲနေဆဲဖြစ်ကြောင်း သိရှိရပါသည်။
| 6 | 0 | 0 | 0 |


