back

ကိုရီးယားနိုင်ငံသားအပါအဝင်သုံးဦးကို လူကုန်ကူးမှုဥပဒေဖြင့်အလုပ်နှင့်ထောင်ဒဏ်များချမှတ်

Mar 18 • 8:21 AM

breaking-news

Myanmar

Yangon

cover

ကိုရီးယားနိုင်ငံသားအပါအဝင်သုံးဦးကို လူကုန်ကူးမှုဥပဒေဖြင့်အလုပ်နှင့်ထောင်ဒဏ်များချမှတ်

ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ်ရှိ ဒိုင်းမွန်းကွန်ဒိုတွင် ကိုရီးယားဘာသာစကားသင်တန်းဖွင့်လှစ်ကာ မြန်မာအမျိုးသမီးများကို ကိုရီးယားနိုင်ငံသားများနှင့် Blind Date ပြု...

ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ်ရှိ ဒိုင်းမွန်းကွန်ဒိုတွင် ကိုရီးယားဘာသာစကားသင်တန်းဖွင့်လှစ်ကာ မြန်မာအမျိုးသမီးများကို ကိုရီးယားနိုင်ငံသားများနှင့် Blind Date ပြုလုပ်ပေးပြီး လူကုန်ကူးမှုကျူးလွန်ခဲ့သည့် တောင်ကိုရီးယားနိုင်ငံသား Mr. Hwang Hee Hwan (ဟောင်ဟီဝှမ်း) အပါအဝင် ၃ ဦးကို ကမာရွတ်ခရိုင်တရားရုံးက မတ်လ ၁၃ ရက်တွင် အလုပ်နှင့်ထောင်ဒဏ်များ အသီးသီးချမှတ်လိုက်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။ ဖြစ်စဉ်မှာ မကျော့ကေခိုင်ဆိုသူက မော်ဒယ်သင်တန်းသူတစ်ဦးကို Mr. Hwang နှင့် မိတ်ဆက်ပေးခဲ့ပြီး၊ Mr. Hwang က ထိုအမျိုးသမီးအား ကိုရီးယားနိုင်ငံသားနှင့် လက်ထပ်ပါက တစ်လလျှင် ငွေကျပ် ၁၅ သိန်းမှ ၂၀ သိန်းအထိ ရမည်ဟု စည်းရုံးခဲ့ကာ ၎င်း၏ဝန်ထမ်း နိုဇင်မိုး (ခ) စုဂျင်းက ဘာသာပြန်ပေးခဲ့ခြင်းဖြစ်သည်။ ထိုအမျိုးသမီးသည် ကိုရီးယားနိုင်ငံသားတစ်ဦးနှင့် ၃ ရက်ခန့် ပေါင်းသင်းခဲ့ပြီးနောက် ထိုကိုရီးယားနိုင်ငံသားက Mr. Hwang ထံ ငွေကျပ်သိန်း ၆၀၀ ခန့် ပေးခဲ့သော်လည်း အမျိုးသမီးကို သိန်း ၂၀ သာ ပေးခဲ့သဖြင့် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။ တရားရုံးက Mr. Hwang ကို ထောင်ဒဏ် ၁၅ နှစ်၊ မကျော့ကေခိုင်နှင့် နိုဇင်မိုးတို့ကို ထောင်ဒဏ် ၁၀ နှစ်စီ ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။

news-view-count-icon

11